''Joking Jazz 4G '' ဇာတ်ကားဟာ ထိုင်းဟာသရုပ်ရှင်တစ်ကားဖြစ်ပြီး ဟာသနဲ့ တရားဓမ္မကိုပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်"ဂျက်"ဆိုတဲ့လူငယ်လေးတစ်ယောက်က လူ့ဘောင်လောကရဲ့ရှုပ်ထွေးမှုနဲ့အချစ်ရေးမှာဒဏ်ရာရခဲ့ပြီး မြို့ပြကိုစွန့်ခွာပြီးတော့တောင်ထိပ်မှာရှိတဲ့ဘုန်းကြီးကျောင်းတစ်ကျောင်းမှာသင်္ကန်း၀တ်လိုက်ပါတယ်။ဒီကားရဲ့ထူးခြားချက်ကတော့ တရားဓမ္မကို ရှေးရိုးစွဲနည်းလမ်းတွေထက် ခေတ်သစ်နည်းပညာ(4G)နဲ့ လူငယ်တွေကိုနားလည်လွယ်မဲ့ နည်းလမ်းကိုသုံးပြီး ဟောပြောပြသပေးပါတယ်ဆိုတော့ ရှေးရိုးစွဲဆရာတော်အချို့က ဘာသာရေးကို ခုတုံးလုပ်ပြီး စီးပွားရှာချင်သူတွေကို "ဦးဇင်း ဂျက်" ကပညာသားပါပါနဲ့ဘယ်လိုတားဆီးမလဲ...ဒီဇာတ်ကားကနေ ဘယ်လိုဗဟုသုတတွေ သင်ခန်းစာတွေရရှိသွားမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ကြရအောင်.......