The Imitation Game ဟာ IMDb rating 8.0 အပြင် ဆုပေါင်းများစွာရရှိထားပြီး သမိုင်းစာမျက်နှာတွေကြားမှာ ဆယ်စုနှစ်များစွာကြာအောင် ဖုံးကွယ်ခံထားရတဲ့ အမည်မသိသူရဲကောင်းတစ်ဦးရဲ့ ဘဝဇာတ်ကြောင်းကို ရင်နင့်စရာကောင်းအောင် ပုံဖော်ထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်.....စစ်ပွဲဆိုတာ သေနတ်ချင်းပစ်တာတင် မဟုတ်ဘဲ "ဦးနှောက်ချင်း တိုက်ပွဲ" လည်း ဖြစ်နိုင်တယ်ဆိုတာကို ဒီကားမှာ တွေ့ရပါလိမ့်မယ်။ နာဇီတွေရဲ့ မဖောက်ထွင်းနိုင်တဲ့လျှို့ဝှက်ကုဒ်တွေကိုချိုးဖျက်ဖို့ အလန်တူရင်းနဲ့ သူ့အဖွဲ့ရဲ့ စက္ကန့်နဲ့အမျှ အပြိုင်လုတိုက်ပွဲဝင်ရပုံတွေက သင့်ကို ရင်တထိတ်ထိတ် ဖြစ်နေစေမှာအမှန်ပါပဲ...လူအများစုနဲ့မတူရင် လူရာမသွင်းတတ်တဲ့ လူ့အဖွဲ့အစည်းကြောင့် အလန်တူရင်းတစ်ယောက် ဘယ်လောက်အထိ အထီးကျန်ခဲ့ရသလဲဆိုတာကိုလည်းတွေ့ရမှာပါ..Benedict Cumberbatch ရဲ့ သရုပ်ဆောင်ချက်တွေကလည်း အလန်တူရင်းရဲ့ ထက်မြက်မှု၊ ခေါင်းမာမှုနဲ့ စိတ်ဒဏ်ရာတွေကို အသက်ဝင်နေစေပြန်ပါတယ်....နိုင်ငံအတွက်၊ ကမ္ဘာကြီးအတွက် အလုပ်အကျွေးပြုခဲ့တဲ့ သူရဲကောင်းတစ်ယောက်ဟာသူ့ရဲ့ ဖြစ်တည်မှုကြောင့်ပဲ လူ့လောကရဲ့ ရက်စက်မှုကို ဘယ်လိုခံစားသွားခဲ့ရသလဲဆိုတာကိုလည်းတွေ့ရမှာပဲဖြစ်ပါတယ်....ကဲ ဆိုတော့....မဖြစ်မနေကြည့်သင့်တဲ့ဇာတ်ကားလေးပါပဲ....