ပြင်သစ်နိုင်ငံရဲ့ ဆင်းရဲတဲ့ဆင်ခြေဖုံးဒေသတစ်ခုမှာ လူငယ်နှစ်ယောက်ဟာ အမြဲတမ်း ခရီးသွားတွေဆီကနေ ပိုက်ဆံတွေ လက်ဝတ်ရတနာဥစ္စာပစ္စည်းတွေခိုးပြီးဘဝကိုဂုဏ်သိက္ခာမဲ့စွာဖြတ်သန်းနေကြသူပါ။ ဒါပေမဲ့ တစ်နေ့မှာ သူတို့နဲ့အရင်ကသိဖူးတဲ့ နယ်ခံသူငယ်ချင်းတစ်ယောက်က မြို့ပြင်က စံအိမ်တစ်ခုမှာ ခြံထိန်း ဥယာဉ်မှူး သန့်ရှင်းရေးသမားတစ်ယောက်အနေနဲ့ အလုပ်ရသွားပါတယ်။ ဖြစ်ချင်တဲ့ စံအိမ်ကြီးမှာ အရွယ်တင်နေတဲ့သူဌေးမကြီးတစ်ယောက်ပဲနေတာဖြစ်ပါတယ်။ ဒါကိုသိသွားကြတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ "The Cleaners" ဆိုတဲ့သန့်ရှင်းရေးကုမ္ပဏီတစ်ခုထောင်ပြီး သူဌေးမကြီးဆီမှာရှိတဲ့ စည်းစိမ်တွေကို လှည့်ပတ်ယူဖို့ရှာကြံပါတော့တယ်။ ဒါပေမဲ့ တကယ်တော့ သူဌေးမကြီးဟာ ရိုးရိုးတန်းတန်း အမွေစားအမွေခံတစ်ယောက်မဟုတ်ဘဲ တိုင်းပြည်ရပ်ခြားက သူဌေးမိသားစုတစ်ခုကနေ ပိုက်ဆံခိုးလိမ်လာတဲ့စိတ္တဇလူသတ်သမားတစ်ယောက်ဖြစ်နေတာပါ။ ဒါကို သူဖုန်းစားသူငယ်ချင်းနှစ်ယောက် သိသွားကြတဲ့အချိန်မှာတော့ အချိန်နှောင်းသွားပြီလို့ဆိုရမှာပဲဖြစ်ပါတယ်။