ဒီတိုနဲ့မာသာတို့ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့အဆင့်နိမ့်ဆုံးလျှို့ဝှက်အေဂျင်စီတစ်ခုဖြစ်တဲ့ PUANAS ကလျှို့ဝှက်အေးဂျင့်နှစ်ယောက်ပါ။ ရယ်စရာကောင်းတာတစ်ခုကအဲ့ဒီလိုအဆင့်နိမ့်နေတာကြောင့်ပဲတစ်နိုင်ငံလုံးက အဆင့်မြင့်လျှို့ဝှက်ထောက်လှမ်းရေးဌာနတွေ Hack လုပ်ခံရပြီး အေးဂျင့်အမည်တွေ ပေါက်ကြားသွားတဲ့အချိန်မှာသူတို့ရဲ့အချက်အလက်တွေကတော့ ကျန်နေခဲ့ပါတယ်။ သူတို့အတွက်တော့ ဒါဟာ သူတို့ရဲ့အစွမ်းကိုပြရမယ့် အခွင့်အရေးတစ်ခုလို့ယူဆပြီး လက်ရှိအချိန်မှာနိုင်ငံနဲ့ချီပြီး အကြီးအကျယ်ပြဿနာဖြစ်နေတဲ့ အွန်လိုင်းလောင်းကစားမှုကိုဖြေရှင်းဖို့တာဝန်ယူကြပါတော့တယ်။ တကယ်တမ်းမှာ အွန်လိုင်းလောင်းကစားကွန်ယက်ဟာ ထင်ထားတာထက် ပိုပြီးရှုပ်ထွေးနက်နဲနေရုံမကနိုင်ငံရဲ့အကြီးပိုင်းတွေပါပါဝင်ပတ်သက်နေတာကိုသိလိုက်ရချိန်မှာတော့..။ အဆင့်မြင့်အေဂျင်စီကြီးတွေတောင်မနှိမ်နင်းနိုင်တဲ့ ဒီလိုအမှုကြီးတစ်ခုကိုပစ္စည်းကိရိယာ ဘတ်ဂျက်မပြည့်စုံသလို အမြဲအလွဲလွဲအချော်ချော်ဖြစ်နေတဲ့ သူတို့နှစ်ယောက်ကဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို သဘာ၀ကျကျဟာသတွေနဲ့ရှုစားရမှာဖြစ်ပါတယ်။