ဒီဇာတ်ကားလေးကတော့ ဂျိုဆွန်းခေတ်နှောင်းပိုင်း မင်းမဲ့စရိုက်ဆန်နေတဲ့ အချိန်ကို နောက်ခံထားတာဖြစ်ပါတယ်။ နာမည်ကြီးစာဆို Yeon Heung-boo (Jung Woo) ဟာ ငယ်စဉ်ကတည်းက ကွဲကွာနေတဲ့ သူ့အစ်ကိုကို ရှာဖွေဖို့အတွက်စာတွေရေးနေသူပါ။ တစ်နေ့မှာ သူဟာ ဆင်းရဲသားတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ လူကြီးမင်း Jo Hyuk (Kim Joo-hyuk) ဆိုသူနဲ့ တွေ့ဆုံခဲ့ပါတယ်။ Jo Hyuk မှာ အာဏာမက်ပြီး လူမဆန်တဲ့ အစ်ကိုဖြစ်သူ Jo Hang-ri (Jung Jin-young) ဆိုတာ ရှိပါတယ်။ Heung-boo ဟာ ဒီညီအစ်ကိုနှစ်ယောက်ရဲ့ မတူညီတဲ့ စရိုက်တွေကို အခြေခံပြီး နာမည်ကျော် "Heungbu and Nolbu" ဝတ္ထုကို ရေးသားခဲ့ရာကနေ လူထုတော်လှန်ရေးရဲ့ အစပျိုးမှုတွေ ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ Yeon Heung-booဟာ သူ့အစ်ကို Nolbuနဲ့ ပြန်ဆုံတွေ့နိုင်မလား...လူထုတော်လှန်ရေးကရော အောင်မြင်နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။