The Spy Gone North HD

The Spy Gone North

Drama History Thriller HD 2018-08-08 7.364 138 Min

ဘတ်ဆော့ယောင်း (Hwang Jung-Min) ကတော့ ထောက်လှမ်းရေးတပ်ဌာနချုပ်မှာ ဗိုလ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိဟောင်းတစ်ဦးပါ။ အဲဒီအချိန်တစ်ဝိုက်မှာ မြောက်ကိုးရီးယားက နျူကလီးယားလက်နက်တွေ ထုတ်လုပ်နေတယ်လို့ သတင်းပျံ့နှံ့လာတဲ့အတွက် ကိုးရီးယားကျွန်းဆွယ်ဟာလည်း အကျပ်အတည်းကြုံလာရတာပေါ့။ ဒီအခြေအနေကို စုံစမ်းဖို့ရာ အမျိုးသားလုံခြုံရေးဗျူဟာအဖွဲ့မှ ညွှန်မှူး ချွဲဟက်ဆောင်း (Cho Jin-Woong) ဆိုသူက ဘတ်ဆော့ယောင်းကို လျှို့ဝှက်အေးဂျင်လုပ်ပေးဖို့ ကမ်းလှမ်းလာပါတော့တယ်။ မြောက်ကိုးရီးယားရဲ့ နျူကလီးယားထုတ်လုပ်မှုကို ဟန့်တားပြီး ကိုးရီးယားကျွန်းဆွယ်ကို ကယ်တင်မယ်ဆိုတဲ့ ခံယူချက်နဲ့ ဘတ်ဆော့ယောင်းတစ်ယောက် Black Venus ဆိုတဲ့ ကုဒ်နာမည်နဲ့ လျှို့ဝှက်အေးဂျင့်လုပ်ဖို့ လက်ခံလိုက်တဲ့အခါမှာတော့....Black Venus ရဲ့ သာမန်စီးပွားရေးသမားအဖြစ် သရုပ်ဖျက်နိုင်ဖို့ ပြင်ဆင်တဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကနေစလို့ မြောက်ကိုးရီးယားအထိပါ ဝင်ရောက်ပြီး သတင်းထောက်လှမ်းခဲ့ပုံတွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ပြထားတာဖြစ်လို့ ပြန်လည် ခံစားကြည့်ရှုပေးကြပါဦးခင်ဗျ။