ပြည်သူတွေကို ထိတ်လန့်စေတဲ့ လူ thet မှုတစ်ခု ပေါ်ပေါက်လာပြီးနောက်မှာတော့ .. တရားခံကို ရသမျှနည်းလမ်းအကုန်သုံးပြီး ဖမ်းဆီးတတ်တဲ့ ထိပ်တန်းစုံထောက် ဂျောင်ဟန်ဆူ ( Lee Sung-Min)ဟာ ဂျူနီယာစုံထောက်ဖြစ်တဲ့ ယန်ဂျုံချန်း(Choi Daniel) နဲ့အတူတရားခံကိုဖမ်းဖို့ စုံစမ်းစစ်ဆေးပါတော့တယ်။ ဒီလိုနဲ့ ဂျောင်ဟန်ဆူရဲ့ သတင်းပေးဖြစ်တဲ့ အင်ချွန်းဘယ်ဆိုသူက လူသတ်မှုကျူးလွန်ထားပေမဲ့ ..အမှုဆက်စုံစမ်းနိုင်ဖို့အတွက် သတင်းပေးကို ဆက်ပြီးသုံးရမဲ့ ဟန်ဆူတစ်ယောက် အဲဒီ လူသတ်မှုကို ဖုံးကွယ်ပေးထားမှန်းပြိုင်ဘက်စုံထောက်ဖြစ်တဲ့ ဟန်မင်းထယ် (Yoo Jae-Myung) ရိပ်မိသွားတဲ့အခါမှာတော့ ..ရာထူးတိုးဖို့အတွက် ပြိုင်ဘက်စုံထောက်နှစ်ယောက် အချင်းချင်း တိုက်ခိုက်ရင်း လမ်းလွဲသွားကြမလားရက်စက်တဲ့ တရားခံကိုရော ဖော်ထုတ်သွားနိုင်မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်လို့တင်ဆက်ပေးလိုက်ပါတယ်နော်။