Sekte HD

Sekte

Horror Thriller HD 2019-05-02 4.2 89 Min

လီယာဆိုတဲ့ ကောင်မလေးဟာ မှတ်ဉာဏ်တွေပျောက်ဆုံးနေတဲ့အနေအထားနဲ့အိမ်ကြီးတစ်အိမ်မှာနိုးထလာခဲ့ပါတယ်။ အဲ့ဒီအိမ်ဟာ မြို့ပြင်ဘက် လူသူမနီးတဲ့နေရာမှာရှိပြီးလမ်းပျောက်နေတဲ့သူတွေ၊ လမ်းမှားရောက်နေတဲ့သူတွေ၊ ခိုကိုးရာမဲ့သူတွေကိုကူညီစောင့်ရှောက်ပေးနေတာဖြစ်ပြီး သူ့ကိုလည်းမတော်တဆဒဏ်ရာရနေတဲ့အနေအထားကနေကယ်တင်လာခဲ့ကြောင်းသိလိုက်ရပါတယ်။ ဒါပေမယ့် အဲ့ဒီမှာအနေကြာလာတာနဲ့အမျှ အိမ်ကလူတွေရဲ့မူမမှန်တဲ့အပြုအမူတွေ၊ များပြားလှတဲ့လျှို့ဝှက်အခန်းတွေကိုမြင်လာရပြီး တစ်ခုခုတော့လွဲနေပြီဆိုတာသူရိပ်စားမိလာပါတော့တယ်။အင်ဒိုနီးရှားထိတ်လန့်သည်းဖိုရုပ်ရှင်လောကမှာ အောက်လမ်း၊ စုန်းကဝေ ဇာတ်ကားတွေခေတ်စားစဉ်ကထူးထူးခြားခြား Satanic Cultတစ်ခုအကြောင်းပုံဖော်ထားတာဖြစ်လို့ပရိသတ်တွေစိတ်ဝင်စားမှုကိုရခဲ့တဲ့ဇာတ်ကားဖြစ်ပြီးDigital Releaseထွက်တဲ့အချိန်မှာအာရှတလွှားပရိသတ်တွေကြားအောင်မြင်မှုရခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။Jump scare တွေထက် ဇာတ်လမ်းနဲ့လျှို့ဝှက်ချက်ကိုအသားပေးပြီးထင်မှတ်မထားတဲ့လှည့်ကွက်တွေနဲ့ဆွဲဆောင်သွားမယ့်ဇာတ်ကားပါ။