Red Plague HD

Red Plague

Drama Thriller Science Fiction HD 2025-10-06 8.3 97 Min

ကာတာဟာ ဖုတ်ကောင်ကမ္ဘာပျက်ကပ်အတွင်းမှာ ဇနီးဖြစ်သူကိုရော မွေးကင်းစ သမီးကိုပါဆုံးရှုံးခဲ့ရသူဖြစ်ပြီးအခုချိန်မှာ တစ်ယောက်တည်းနေထိုင်နေပါတယ်။ကမ္ဘာပျက်ကပ်လွန်လောကမှာဖြစ်လေ့ရှိတဲ့အတိုင်း လက်ကျန်ဖုတ်ကောင်တွေ၊ အချင်းချင်းလုယက်သတ်ဖြတ်နေတဲ့သူတွေ အန္တရာယ်ကလည်းဆက်ရှိနေတုန်းပါပဲ။ တစ်နေ့တော့ဒေစီဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်သူ့ဆီ ရောက်လာပြီးသူ့အုပ်စုတွေနဲ့လူစုကွဲလာတာဖြစ်လို့ဆုံမှတ်ကိုအရောက်သွားဖို့တစ်ယောက်တည်းသွားဖို့မဖြစ်နိုင်တာကြောင့် သူ့ကိုလိုက်ပို့ပေးဖို့တောင်းဆိုလာခဲ့ပါတယ်။ အခုဇာတ်လမ်းမှာတော့ ကာတာနဲ့ဒေစီတို့ရဲ့အဲ့ဒီခရီးစဉ်ကို လှည့်ကွက်တွေ စွန့်စားခန်းတွေနဲ့ရှုစားရမှာဖြစ်ပါတယ်။ဇာတ်လမ်းအသားပေး ဖုတ်ကောင်ဇာတ်လမ်းကြိုက်တတ်တဲ့သူတွေသဘောကျနှစ်သက်ကြမှာပါ။