ကျွန်တော်တို့ဘဝမှာ အလုပ်တွေလုပ်ကြတယ်။ အသုံးအဆောင်ပစ္စည်းတွေဝယ်ကြတယ်။ဒါလေးရရင် ဟိုဟာလေးဆိုကောင်းမှာ။ ဟိုဟာလေးရပြန်တော့လည်း စိတ်တိုင်းကမကျပြန်။ဒါဟာလူ့သဘာဝပါပဲ။ အချစ်ရေးလည်းဒီလိုပါပဲ။ အိမ်ထောင်ရေးမှာဆို ပိုလို့တောင်ဆိုးပါသေးတယ်။Margot ဟာ အလွတ်တမ်းစာရေးဆရာမတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဝါသနာလောက်လိုက်ရင်းနဲ့ Daniel ဆိုတဲ့ လူငယ်လေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။ Daniel ကလည်း ရုပ်ကမိန်းကလေးကျချင်စရာရုပ်မျိုးဆိုတော့ Margot ဟာလည်း Daniel ဘက်ကိုနည်းနည်းလေးတိမ်းညွှတ်ချင်ပါတယ်။ ကံတရားက မျက်နှာသာပေးတော့Margot နဲ့ Daniel ဟာ အိမ်ချင်း မျက်စောင်းထိုးဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ ခက်တာက Margot မှာ အိမ်ထောင်ရှိတယ်။ သူ့ခင်ပွန်းသည်က ဟင်းချက်နည်းစာအုပ်တွေရေးတဲ့ သဘောရိုး မနောရိုး ပျော်ပျော်နေတတ်တဲ့ လူတစ်ယောက်။ သူ့နာမည်က Lou။ Margot က Lou ကိုချစ်တယ်။ Lou ကလည်း Margot ကိုချစ်တယ်။ဒါပေမဲ့ အိမ်ထောင်ရေးတစ်ခုမှာ အချစ်ဆိုတာ အိမ်ကြီးတစ်ခုရဲ့ တံခါးပေါက်သေးသေးလေးတစ်ခုသက်သက်ပါပဲ။ အလွယ်တကူပျက်စီးသွားနိုင်ပါတယ်။ ဒီလိုနဲ့ ဘာတွေဆက်ဖြစ်သွားမှာလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါဦးခင်ဗျာ။