Mama HD

Mama

Horror HD 2013-01-17 6.287 100 Min

Mama (2013) ဟာ Horror / Fantasy / Mystery လောကမှာ ဆရာတစ်ဆူဖြစ်တဲ့ဒါရိုက်တာကြီး Guillermo del Toro ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တာကြောင့် သူ့ရဲ့ Theme Style တွေတော်တော်ပါဝင်ပါတယ်။ ဒါ့အပြင် မင်းသားမင်းသမီးတွေကလည်းပရိသတ်နဲ့မစိမ်းတဲ့သရုပ်ဆောင်တွေဖြစ်တာမလို့ အတော်လေးကြည့်လို့ကောင်းတယ်လို့ဆိုရပါမယ်။ Horror ရုပ်ရှင်တစ်ကားဖြစ်ပေမဲ့ ကြောက်ဖို့တင်မကပဲ မိခင်မေတ္တာကိုလည်း ပြသသွားပါတယ်။ ဇာတ်ညွှန်းတောထဲက လူသူအရောက်အပေါက်နည်းတဲ့ တဲအိမ်လေးတစ်လုံးမှာ ကလေးမလေးနှစ်ယောက်တည်းကျန်ခဲ့ပါတယ်။ကလေးမလေးနှစ်ယောက်ဟာ တောထဲမှာနေတာကြာလာသောကြောင့် လောကကြီးနဲ့အဆက်အသွယ်ပြတ်ကာစကားပြောနည်းကိုလည်းမေ့၊ ဘာဆိုဘာမှမသိတော့ပဲ အရိုင်းမလေးနှစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အဲထက်ပိုပြီးထူးဆန်းတာက သူတို့ကို စောင့်ရှောက်နေတာက မာမားလို့ခေါ်တဲ့ သရဲတစ်ယောက်ဖြစ်နေတာပါပဲ။ ဒီကလေးမလေးနှစ်ယောက်ကိုလက်လျှော့ပဲရှာနေခဲ့တာက သူတို့ရဲ့ဦးလေးဖြစ်သူ လူကပ်စ်ပဲဖြစ်ပါတယ်။ တစ်ရက်မှာတော့ ကြိုးစားမှုရလဒ်အရာထင်ခဲ့ပြီး ကလေးမလေးနှစ်ယောက်ကို ရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့မသိခဲ့တာက ကလေးမလေးတွေနဲ့အတူတူ မာမားပါ,ပါလာတယ်ဆိုတာပါပဲ။လူကပ်စ်မှာ ရည်းစားရှိတယ်။ သူ့နာမည်က အနာဘဲလ်။တစ်ဖက်မှာလည်း ကလေးတွေရပိုင်ခွင့်ကိုတရားစွဲလာတဲ့လူတစ်ယောက်ကလည်းပေါ်လာပြန်တယ်။ တစ်ဖက်မှာကလည်း သူတို့တောင်မသိလိုက်ပဲ အိမ်ထဲကိုရောက်လာတဲ့ တစ်ဖက်ကမ္ဘာက လူတစ်ယောက်။ဘာတွေဆက်ဖြစ်မှာလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲခံစားကြည့်လိုက်ကြပါ။