Secret Reunion HD

Secret Reunion

Action Drama Thriller HD 2010-02-04 6.373 117 Min

လွန်ခဲ့တဲ့ ၆ နှစ်တုန်းက ဆိုးလ်မြို့မှာ ပဟေဠိဆန်တဲ့ သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွါးခဲ့ပြီး အဲဒီပစ်ခတ်မှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကြောင့်ပဲ အီဟန်ဂယူ (Song Kang Ho) ဟာ အမျိုးသားထောက်လှမ်းရေးအဖွဲ့ကနေ အလုပ်ဖြုတ်ခံလိုက်ရပါတော့တယ်။ အဲဒီလိုနဲ့ ၆ နှစ်အကြာမှာတော့ ဆိုးလ်မြို့ရဲ့ မြို့ပြဒေသ တစ်နေရာမှာ လှုပ်ရှားနေတဲ့ မြောက်ကိုရီးယား သူလျှိုဟောင်း ဆုန်းဂျီဝန်း (Kang Dong Won) နဲ့ အမှတ်မထင် တွေ့ဆုံခဲ့ပြီးနောက် သူတို့နှစ်ဦးဟာ အချင်းချင်း သရုပ်မှန်ကို ဖုံးကွယ်ပြီး တစ်ယောက် အချက်အလက်ကို တစ်ယောက် ခိုးယူရန်အတွက် စပ်တူစီးပွါးရေးလုပ်ဖို့ သဘောတူလိုက်တဲ့အခါမှာတော့ …။