အီဆန်းမင်(Jeon Do-yeon)ဟာ ဖက်ရှင်လုပ်ငန်းကို အစ်မဖြစ်သူနဲ့အတူလုပ်ကိုင်ရင်း တစ်ဖက်မှာလည်း အော်တစ်ဇင်ရောဂါခံစားနေရတဲ့ သားလေးကိုပြုစုစောင့်ရှောက်ရတဲ့သူဖြစ်ပါတယ် . .ခင်ပွန်းဖြစ်သူက အလုပ်နဲ့ပဲအချိန်ကုန်ပြီး ကလေးကိစ္စမှန်သမျှ ဆန်းမင်ကိုပဲ တာဝန်ယူခိုင်းသလိုဖြစ်နေတာကြောင့် တဖြည်းဖြည်းနဲ့ ဆန်းမင်ဟာ စိတ်ပင်ပန်းပြီး အထီးကျန်သလိုခံစားလာခဲ့ရပါတယ် . . တစ်နေ့မှာ သားလေးကို ဖင်လန်နိုင်ငံ ဟယ်လ်စင်ကီမြို့ကို စခန်းချခရီးလိုက်ပို့ရင်း . . ဂင်ဂီဟုန်(Gong Yoo)ဆိုတဲ့လူနဲ့ အမှတ်မထင် ဆုံတွေ့ခဲ့ပါတယ်။ဂီဟုန်ကတော့ ဖင်လန်နိုင်ငံမှာ တာဝန်ကျနေတဲ့ အဆောက်အဦဒီဇိုင်နာ ဗိသုကာပညာရှင်တစ်ဦးပါ။သူ့မိသားစုဘဝကလည်း ပြီးပြည့်စုံမှုမရှိဘဲ စိတ်ကျရောဂါခံစားနေရတဲ့ သမီးလေးတစ်ယောက်နဲ့ . . စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်တဲ့ရောဂါရှိတဲ့ ဇနီးတစ်ယောက်ကိုပဲ ဂရုစိုက်ပေးနေရသူပါ ..ဆန်းမင်က သားလေးကိုစိတ်မချတာကြောင့် ဂီဟုန်ရဲ့ကားအကူအညီနဲ့ စခန်းချတဲ့နေရာကိုလိုက်သွားခဲ့ရာက . . အပြန်ခရီးမှာတော့ နှင်းတွေကြောင့် လမ်းပိတ်ပြီး လမ်းမှာ တစ်ညတာတည်းခိုဖို့ ဖြစ်လာပါတော့တယ် ။သူတို့နှစ်ယောက်ဟာ တည်းခိုခန်းမှာ အပြန်အလှန် စကားတွေပြောကြည့်ရင်းနဲ့ အချင်းချင်း ထူးခြားတဲ့စိတ်အေးချမ်းမှု နားလည်နိုင်တဲ့ချိတ်ဆက်မှုတွေနဲ့အတူ . . မထင်မှတ်ဘဲငြိတွယ်သွားကြပါတယ်။ဒီလိုနဲ့ နောက်ဆုံးမှာ သူတို့နှစ်ဦးဟာ . . သူတို့ရဲ့ ကိုယ်ရေးကိုယ်တာခံစားချက်နဲ့ မိသားစုတာဝန်တွေကြားမှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးကို မှန်ကန်စွာနဲ့ ရွေးချယ်သွားနိုင်မလဲဆိုတာကိုတော့ . . ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားကြည့်ပါဦးနော် ။