Miles ဆိုတာက လူလတ်ပိုင်း မိန်းမနဲ့လောလောလတ်လတ်ကွာရှင်းထားတဲ့လူတစ်ယောက်။ သူ့မှာဝါသနာတစ်ခုရှိတယ်။ အဲဒါကတော့ ဝိုင်တွေနဲ့ပတ်သက်ပြီး မြည်းစမ်းရတာ လေ့လာရတာတွေကိုလုပ်ရတာ။ ဝိုင်တွေက သူ့ရဲ့ဘဝပဲ။ နောက်တစ်ခု သူက စာလည်းရေးတယ်။ စာတိုက်ကိုဆက်သွယ်ပြီး စာမူကြမ်းတင်ထားပေမဲ့ ထုတ်ဝေပါမယ်လို့ အကြောင်းမပြန်သေးဘူး။ ဆိုတော့ ပြန်တွေးကြည့်လိုက်ရင်မိန်းမနဲ့လည်းကွာရှင်းထားတယ်၊ ဝါသနာကလည်း ကြီးပွားမယ့်အရာမျိုးမဟုတ်ဘူး၊ စာအုပ်ရေးပေမဲ့ ထုတ်ဝေဖို့ကလည်းမသေချာပြန်ဘူး။ ပြောရရင် ဘဝမှာ ကြီးကြီးမားမားအောင်မြင်မှုမရှိတဲ့ လူလတ်ပိုင်းတစ်ယောက်။ သူ့မှာ အရမ်းကိုခင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့နာမည်က Jack Jack က စနေနေ့ဆိုရင် မင်္ဂလာဆောင်တော့မှာ။ ဆိုတော့ သူငယ်ချင်းနှစ်ယောက် တူတူSanta Ynez Valley ဝိုင်မြို့တော်ကို ဝိုင်တွေမြည်းစမ်းကြည့်ဖို့ရယ်၊ စိတ်ပြေလက်ပျောက်ဖြစ်ဖို့ရယ်ထွက်လာခဲ့တယ်။ Jack ကလည်း မင်္ဂလာဆောင်တော့မှာဆိုတော့ နောက်ဆုံးအနေနဲ့ကဲမယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။ သူ့ရဲ့ သူငယ်ချင်း Miles ကိုလည်း မိန်းကလေးတစ်ယောက်နဲ့ အတည်တကျဖြစ်သွားစေချင်တာလည်းပါတယ်။ အဲဒီမှာ Maya ဆိုတဲ့ စားပွဲထိုးမလေးတစ်ယောက်နဲ့တွေ့ခဲ့တယ်။ Stephanie ဆိုတဲ့ Single Mom တစ်ယောက်နဲ့လည်းတွေ့ခဲ့တယ်။ ကဲ ဒီမှာ ဘာဆက်ဖြစ်မှာလဲ။ စာတိုက်က စာအုပ်ထုတ်ဝေပေးဖို့ မသေချာ၊ မိန်းမနဲ့ကလည်းကွာရှင်းထားပြန်၊ အဲဒီလိုမျိုး Midlife ကို Double Crisis ဖြစ်နေတဲ့လူတစ်ယောက်က အချစ်ဆိုတာကြီးကို ပြန်ပြီးတော့ ရှာတွေ့ဦးမှာလား။ Jack ရဲ့ရည်မှန်းချက် ၂ ခုကရော ပြည့်မြောက်သွားဦးမှာလား။ ဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးခင်ဗျာ။