Sunflower HD

Sunflower

Crime Drama HD 2006-11-23 7 116 Min

လူသတ်မှုနဲ့ ​​ထောင်ဆယ်နှစ်ကျပြီး ပြန်လွတ်လာတဲ့ ထယ်ရှစ်(Kim Rae-won)က သူ့လုပ်ရပ်ကို​ နောင်တရပြီး လူ​ကောင်းတစ်​ယောက်အဖြစ် ​နေသွားဖို့ ​နေကြာပန်း စား​သောက်ဆိုင်ပိုင်ရှင်ဖြစ်သူ အို့ဂျာ (Kim Hae-sook)ကို ကတိ​ပေးခဲ့ပါတယ်။ နေကြာပန်း ဆိုင်ပိုင်ရှင်အို့ဂျာက ​ထောင်ထွက် ထယ်ရှစ်ကို သားအဖြစ်​မွေးစားပြီး သမီးအရင်းဖြစ်သူ ဟီဂျူ(Kim Hae-sook)နဲ့အတူတူ တက္ကသိုလ်တက်နိုင်​အောင် ​ထောက်ပံ့​ပေးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဖြစ်ချင်​တော့ ထယ်ရှစ်ရဲ့​​နောက်လိုက်​တွေဖြစ်ခဲ့တဲ့ ယန်းဂီ(Kim Jung-tae)နဲ့ ချန်းမူ(Han Jung-soo)တို့က ဥက္ကဌဂျိုဖန်းဆူ​(Kim Byeong-ok)ဆီမှာ သစ္စာခံပြီး ​နေကြာပန်းဆိုင်ကို ဖယ်ရှားကာ စီမံကိန်းအသစ်တည်​ဆောက်ဖို့ လုပ်လာကြပါ​တော့တယ်။ ထယ်ရှစ်က အို့ဂျာကို ရန်ထပ်မဖြစ်​တော့ပါဘူးလို့ ကတိ​ပေးခဲ့တဲ့အတွက် ယန်းဂီနဲ့ချန်းမူရဲ့ ရန်စမှုအမျိုးမျိုးကို သည်းခံခဲ့​ပေမဲ့ ဥက္ကဌဂျိုနဲ့ ​နောက်လိုက်​တွေ​က ဟီဂျူနဲ့ အို့ဂျာကို ထိခိုက်​အောင်လုပ်လာတဲ့အခါ ထယ်ရှစ်တစ်​ယောက် ဘယ်လိုတုံ့ပြန်သွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။