Oscar ဆုရ ဒါရိုက်တာ Mike van Diem ရိုက်ကူးပြီး ၂၀၂၅ ခုနှစ်၊ Netherlands Film Festival မှာ ဖွင့်ပွဲဇာတ်ကားအဖြစ် ပြသခဲ့တဲ့ Drama/Thriller ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။သံယောဇဉ်ကြီးမားတဲ့ မိတ်ဆွေ သူငယ်ချင်း မိသားစုနှစ်စုဟာ နှစ်တိုင်းလိုလို Austrian Alps တောင်တန်းဒေသမှာ အတူတကွ အားလပ်ရက် ခရီးထွက်လေ့ရှိကြပါတယ်။ ဒီနှစ်ခရီးစဉ်မှာတော့မမျှော်လင့်ထားပဲ ကံဆိုးမိုးမှောင်ကျပါတော့တယ်။သူတို့ရဲ့ ဆယ်ကျော်သက် သမီးပျိုနှစ်ယောက် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက်မှာ မိဘတွေဟာ အခက်ခဲဆုံး ရွေးချယ်မှုတစ်ခုနဲ့ ရင်ဆိုင်လာရပါတယ်။ သမီးတစ်ယောက် အသက်ရှင်ဖို့အတွက် နောက်တစ်ယောက်က ပေးဆပ်ရမယ့် အခြေအနေမျိုး၊ တစ်ယောက်ကို ကယ်တင်ဖို့ အခြားတစ်ယောက်ကို စွန့်လွှတ်ရမယ့် ကိုယ်ကျင့်တရားဆိုင်ရာအကျပ်အတည်းတွေ ပေါ်ပေါက်လာတဲ့အခါမှာတော့ နှစ်ပေါင်းများစွာ ခိုင်မြဲခဲ့တဲ့ သူငယ်ချင်းသံယောဇဉ်နဲ့ ကိုယ့်သွေးသားရင်းချာအတွက် အကာအကွယ်ပေးလိုစိတ်တို့ လွန်ဆွဲကြရင်းဘယ်လိုသည်းထိတ်ရင်ဖိုအခြေအနေတွေ ဆက်ဖြစ်မလဲဆိုတာကို ရှုစားရမှာပါ။