Call of The Dead FHD

Call of The Dead

Drama Horror FHD 2025-08-14 8.3 88 Min

အယ်လ်ယာနဲ့ရာကာတို့ဟာ တစ်ဦးတည်းသော သမီးလေးဂျပ်စ်မင်းနဲ့အတူ မိခင်ဖြစ်သူရှိရာ ရွာကိုအလည်အပတ်ထွက်ခဲ့ကြပါတယ်။သူတို့မိသားစု ရွာက နေအိမ်ကိုရောက်ပြီးကတည်းက ပုံမှန်မဟုတ်တဲ့ ထူးခြားဖြစ်စဉ်တွေစပြီးဖြစ်ပေါ်လာတာကို မိခင်ကြီး ဒေဝီက သတိထားမိခဲ့ပေမယ့် ရေငုံနူတ်ပိတ်နေခဲ့ပါတယ်။ရောက်ပြီးမကြာခင်မှာပဲ  အယ်လ်ယာငယ်စဉ်က သွားခဲ့ဖူးတဲ့ရေကန်ကြီးဆီကိုဂျပ်စ်မင်း ပူဆာလို့လိုက်ပို့တဲ့အချိန်၊ သတိတစ်ချက်အလွတ်မှာ  ဂျပ်စ်မင်းလေးဟာ ရေကန်ကြီးထဲပြုတ်ကျဆုံးပါးသွားပါတော့တယ်။ ပူဆွေးသောက အတိနဲ့သူတို့ဇနီးမောင်နှံဟာ သမီးကိုသဂြိုလ်ထားခဲ့ပြီး မြို့ကိုပြန်သွားခဲ့ရပေမယ့် ဒါတွေဟာ သူတို့ဒုက္ခတွေရဲ့အစသာဖြစ်တယ်ဆိုတာ မသိခဲ့ကြပါဘူး။ဘာကြောင့်လဲဆိုတော့ မကျွတ်မလွတ်ဖြစ်သွားခဲ့တဲ့ ဂျပ်စ်မင်းဟာ သူတို့ကိုအကြီးအကျယ်ခြောက်လှန့်ရုံတင်မကရွာသားတွေကိုပါ တစ်ယောက်ပြီးတစ်ယောက်လိုက်လံသတ်ဖြတ်လာလို့ပါပဲ။ဒါတွေအားလုံးရဲ့နောက်ကွယ်က အကြောင်းရင်းက ဘာဖြစ်မလဲ? လက်ရှိဖြစ်နေတဲ့ ဖြစ်စဉ်တွေဟာ သူတို့အိမ်၊ သူတို့ရွာနဲ့ဘယ်လိုအဆက်အစပ်တွေရှိမလဲအစရှိတာတွေကိုအင်ဒိုဟော်ရာတွေထုံးစံ အသည်းတအေးအေးနဲ့ကြည့်ရမယ့်ဇာတ်ကားပါပဲ။