The Box HD

The Box

Thriller Science Fiction HD 2009-10-29 5.641 115 Min

ခုတင်ပြပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၀၇မှာထွက်ရှိထားတဲ့ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ မင်းသမီးဖြစ်သူ”ကျဲန်”ကငယ်ငယ်လေးကတည်းကအမေထားခဲ့တာကိုခံခဲ့ရပြီး အဖွားဖြစ်သူကပဲ”ကျဲန်”ကိုပြုစုစောင့်ရှောက်ခဲ့ရပါတယ်။ မင်းသမီး ကြီးပြင်းလာတော့အဖွားက”ကျဲန်”ရဲ့အမေပေးခဲ့တဲ့သေတ္တာကိုပေးလိုက်ပါတော့တယ်။တစ်နေ့မှာ”ကျဲန်”ကပစ္စည်းရွေ့ပေးတဲ့ကုမ္ပဏီကို သေတ္တာရွှေ့ဖို့ခေါ်လိုက်ပြီး ရွှေ့သွားရွှေ့လာနဲ့ သေတ္တာသယ်ရတာကို စိတ်မရှည်တော့တာနဲ့ ရောင်းလိုက်ပါတော့တယ်။ ရောင်းပြီးပြီချင်းညမှာပဲအမျိုးသမီးတစ်ယောက်ကိုအိပ်မက်မက်ခဲ့ပြီး သူ့အဖွားပေးထားတဲ့စာကိုဖွင့်ဖတ်ကြည့်ရာ သူရောင်းလိုက်တဲ့သေတ္တာကသူ့အမေပေးထားကြောင်း သေချာသိမ်းထားဖို့ရေးထားခဲ့တာပါ။မနက်ရောက်တော့သူသေတ္တာရောင်းလိုက်တဲ့ ပစ္စည်းအဟောင်းဆိုင်ကိုသွားခဲ့တယ် အဲဆိုင်ကိုရောက်တဲ့ချိန်မှာပဲ သူ့သေတ္တာကိုဝယ်သွားတဲ့ကားကထွက်သွားတော့တာပဲ။ အဲဒီနောက်သူကကားဌားပြီး သူ့သေတ္တာကိုဝယ်သွားတဲ့လူနောက်လိုက်သွားခဲ့ပြီး ဘယ်လိုတော့ ဆက်ဖြစ်မှာလဲဆိုတာကတော့........