အီတလီနိုင်ငံ၊ Veneto ဒေသမှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Carlobianchi နဲ့ Doriano တို့ဟာ ဘဝမှာ ရည်မှန်းချက်ကြီးကြီးမားမား မရှိဘဲ"ဒါနောက်ဆုံးခွက်" ဆိုပြီး အရက်သောက်လိုက်၊ လမ်းသရဲပုံစံ ပေါ့ပေါ့နေလိုက်နဲ့ အချိန်ကုန်နေသူတွေပါ။တစ်ညမှာတော့ သူတို့နှစ်ယောက်ဟာ Giulio လို့ခေါ်တဲ့ ရှက်တတ်ကြောက်တတ်ပြီး ဘဝမှာ လမ်းပျောက်နေတဲ့ ဗိသုကာကျောင်းသားလေးတစ်ယောက်နဲ့ မထင်မှတ်ဘဲ ဆုံတွေ့သွားပါတယ်။ဒီလိုနဲ့ မတူညီတဲ့ မျိုးဆက်နှစ်ခုက လူသုံးယောက်ဟာ ရည်ရွယ်ချက်မရှိတဲ့ ခရီးရှည်တစ်ခုကို အတူတူ ထွက်လာကြပါတော့တယ်။ လမ်းခရီးတစ်လျှောက်မှာ အရက်ဝိုင်းဖွဲ့ရင်း သူတို့ရဲ့ဘဝအကြောင်းတွေ၊ အတိတ်က အမှားတွေနဲ့ အနာဂတ်မျှော်လင့်ချက်တွေကို ဖလှယ်ကြရင်း သံယောဇဉ် တွယ်သွားကြပုံကို ရိုက်ကူးထားပါတယ်။