His Girl Friday HD

His Girl Friday

Comedy Romance HD 1940-01-18 7.41 92 Min

ဝေါ်တာဆိုတာ “မနက်ခင်း သတင်းစာတိုက်” ပိုင်ရှင်။ အင်တာနက်မရှိတဲ့ခေတ်၊ ကြိုးဖုန်းတွေနဲ့ဆက်သွယ်ရတဲ့ခေတ်ကြီးမှာ သတင်းစာတိုက်တစ်ခုအောင်မြင်ဖို့က သတင်းထောက်ကောင်းကောင်းရှိမှရမယ်။ မနက်ခင်းသတင်းစာတိုက်မှာ အရမ်းကိုတော်တဲ့ သတင်းထောက်မလေးတစ်ယောက်ရှိတယ်။ ရှိခဲ့တာပေါ့လေ။ သူ့နာမည်က ဟေလ်ဒီဂျွန်ဆင်။ ဟေလ်ဒီက သတင်းစာတိုက်ရဲ့ သတင်းထောက်မလည်းဟုတ်သလို ဝေါ်တာရဲ့ အမျိုးသမီးဆိုလည်းဟုတ်တယ်။ ဟုတ်ခဲ့တာပေါ့လေ။ ဘာလို့ဆို သူတို့နှစ်ယောက်ကွာရှင်းလိုက်ပြီ။ ဟေလ်ဒီကလည်း ဘရုစ်ဆိုတဲ့ယောကျ်ားတစ်ယောက်နဲ့လက်ထပ်တော့မယ်။ လက်ထပ်မှာကလည်း မနက်ဖြန်။ဆိုတော့ “ကျွန်မလက်ထပ်ပြီး ရှင်တို့ သတင်းလောကကိုစွန့်ခွာတော့မယ်” လို့အသိလာပေးတဲ့အချိန်မှာ ဝေါ်တာတစ်ယောက် ကျွဲမြီးတိုရပြီ။  ဟေလ်ဒီ သတင်းစာတိုက်ကိုလာပြီး လာပြောတဲ့အချိန်မှာ သပွတ်အူထက်ရှုပ်တဲ့ အမှုတစ်ခုကဖြစ်နေပြန်တယ်။ ဒီသတင်းကိုဦးနိုင်တဲ့ သတင်းစာတိုက်က မိုးပေါ်ကိုထိုးထောင်သွားမှာပဲ။နိုင်ငံရေးပါတီတွေ၊ လူသတ်မှု၊ ဘုရင်ခံတွေအထိပတ်သက်နေတဲ့အမှုမျိုး။ဝေါ်တာက သတင်းကိုလည်းလိုချင်တယ်၊ ဟေလ်ဒီကိုလည်းပြန်လိုချင်တယ်။ ဆိုတော့ ဟေလ်ဒီနဲ့ ဘရုစ်ကို သတင်းသမား ဉာဏ်တွေသုံးပြီး ကလိတော့တယ်။မုဆိုးနားနီးလည်း တံငါက တံငါ။  တံငါနားနီးလည်း တံငါက မုဆိုးဖြစ်မသွားဘူးဆိုတဲ့အတိုင်း ဟေလ်ဒီကလည်း သတင်းရေးချင်စိတ်တွေ ပြန်ပေါ်လာတဲ့အခါမှာ….ဘာတွေဆက်ဖြစ်မှာလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါခင်ဗျာ။