ဂုဏ်သိက္ခာတွေဘာတွေ ထည့်မစဉ်းစားဘဲ အကောင်းဆုံးဖိုက်တာဖြစ်ချင်တဲ့ မက်ခ်စ်ယန်းသူ့ညီကတော့ ဆရာ ဆုံးမတဲ့အတိုင်း ဂုဏ်သိက္ခာကို လက်ကိုင်ထားပြီး လူမှန်ကြီးလုပ်နေတဲ့ ဝူယန်းတစ်နေ့မှာတော့ သူတိုဆရာရဲ့ သင်တန်းကျောင်း ဖျက်ဆီးခံရပြီး ဆရာကို သတ်သွားတဲ့အခါ သူတိုနှစ်ယောက်ပူးပေါင်းပြီး အဲဒီမြိုရဲ့ နာမည်ကျော်တိုက်ခိုက်ရေးကစားပွဲတစ်ခုကို၀င်ရောက်ယှဉ်ပြိုင်ပါတော့တယ်။ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးလို နာမည်ကျော်တဲ့ မြေအောက်သေမင်းတမန် တိုက်ခိုက်ရေးပြိုင်ပွဲသာမန်ကစားပွဲတစ်ခုမဟုတ်ဘဲ သွေးနဲ့ရင်းရတဲ့ လောင်းကစားပွဲကြီးချစ်ခြင်းမေတ္တာ၊ သံယောဇဉ်၊ မိသားစုဆိုတဲ့ ညီအစ်ကိုနှစ်ယောက် သေမင်းတမန်ရဲ့ အားပြိုင်စေမှုတွေကြားထဲ မမျှော်လင့်ဘဲ ရောက်သွားတဲ့အခါ...ဖြစ်ချင်တော့ သူတို၀င်ပြိုင်တဲ့ကစားပွဲက ထင်ထားသလို ရိုးရှင်းနေပါ့မလား။ နောက်ကွယ်မှာ ဘယ်သူတွေ ခြယ်လှယ်နေကြလဲ။ သူတို ဘာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကိုတော့ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားပေးကြပါဦး။