နယူးယောက်မြိုရဲ့ ခရစ္စမတ်ကာလ အလှအပတွေကြားမှာ စာရေးဆရာမ ဆာဘရီးနား တစ်ယောက် အလုပ်သစ်တစ်ခု ရခဲ့ပါတယ်။ အဲဒါကတော့ နာမည်ကျော် အနုပညာကြားခံညှိနှိင်းပေးသူဂရေဆန်ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ကိုယ်စားရေးပေးရမယ့်အလုပ်ပါ။အလုပ်တွေပိနေတဲ့ကြားကပဲ သူက အီယန်ဆိုတဲ့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက်နဲ့ တွေ့ဆုံပြီး ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ အီယန်က 'Read for the stars' ဆိုတဲ့ ပရဟိတအဖွဲရဲ့ အဖွဲ၀င်အဖြစ်မိတ်ဆက်ထားပြီး ရန်ပုံငွေအတွက် နယူးယောက်မြိုကို ရောက်လာခဲ့တဲ့သူဒါပေမဲ့ အမှန်တရားကတော့ ထင်သလောက် မရိုးရှင်းခဲ့ပါဘူး။ အီယန်က သူပြောသလို လူမျိုးမဟုတ်ဘဲ တခြားတစ်ယောက်အဖြစ် ဟန်ဆောင်နေသူဖြစ်ကြောင်း ဆာဘရီးနား တစ်ယောက်သိလိုက်ရတဲ့အခါ...။အီယန်က ဘာကြောင့် အခုလို ဟန်ဆောင်ထားရတာလဲ။အလိမ်အညာတွေနဲ့ စတင်ခဲ့တဲ့ အချစ်ဇာတ်လမ်းဟာ ခရစ္စမတ်ညရဲ့ အံ့ဖွယ်တွေနဲ့အတူ ပျော်ရွှင်ဖွယ်အဆုံးသတ်နိုင်ပါ့မလားဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး။