Mask HD

Mask

Comedy Crime Drama Thriller HD 2025-11-21 7 127 Min

ပုံမှန်တွေ့နေကျ ရိုးရိုးရှင်းရှင်း ရာဇဝတ်မှုကားမျိုးမဟုတ်ဘဲ Dark Comedy Crime Thriller အမျိုးအစားကိုမှခပ်မိုက်မိုက် ပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကားပါ Money Heist လိုမျိုး ပုံဖော်ထားပြီး ရုံတင်ငွေကလည်း ၃၂ ကုဋေထိပြန်ရထားပါတယ်ဒီဇာတ်ကားက ပိုက်ဆံ ကုဋေ ၄၄၀ ပျောက်ဆုံးသွားရာကနေ စတင်တာပါ အဲဒီငွေတွေကို (၇) ရက်အတွင်းပြန်ရှာဖို့ဖြစ်လာတဲ့အခါမှာတော့ လောဘ၊ သစ္စာဖောက်မှုနဲ့ လှည့်ကွက်တွေကြားမှာ လူသုံးယောက်ရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာပါ အဲဒီလူတွေကတော့ကိုယ့်ကျိုးကိုပဲကြည့်တဲ့၊ လူတွေကို လိမ်ညာ blackmail လုပ်ပြီး ပိုက်ဆံရှာတတ်တဲ့ နည်းပညာကျွမ်းကျင်သူ စုံထောက်ဗေလူး၊ ပရဟိတသမားဟန်ဆောင်ထားပေမဲ့ နောက်ကွယ်မှာ အမှောင်လောကသားတွေ၊ နိုင်ငံရေးသမားတွေနဲ့ ပတ်သက်နေတဲ့ လျှို့ဝှက်ချက်များသူ အမျိုးသမီး ဘူမီ၊ ဒီငွေတွေကိုကြားဖြတ်လုယူသွားတဲ့ မျက်နှာဖုံးစွပ် အဖွဲ့တစ်ဖွဲ့ရယ်‌ပေါ့ ပရဟိတလုပ်ငန်းရှင်လို့ လူသိများတဲ့ဘူမီရဲ့ ပိုင်ဆိုင်မှု ကုဋေပေါင်း ၄၄၀ ကြားဖြတ် လုယက်ခံရတာကနေ စတင်ခဲ့တာပါ ဒီငွေတွေက သာမန်ငွေတွေမဟုတ်ဘဲ နောက်ကွယ်မှာ နိုင်ငံရေးသမားတွေရဲ့ အရှုပ်အထုပ်တွေ ပါနေတာကြောင့် ရဲတိုင်လို့လည်း မရတဲ့ အနေအထားဖြစ်နေပါတယ်ဒီအခါမှာတော့ ‌မကောင်းတဲ့နည်းတွေနဲ့ ပိုက်ဆံရှာရာမှာ ပါရမီပါတဲ့ ဗေလူးဆီကို ဒီငွေတွေပြန်ရှာဖို့ အလုပ်အပ်နှံလာခဲ့ပါတယ်ဗေလူးအတွက်ကတော့ ဒါက သူ့ဘဝကို ပြောင်းလဲပေးမယ့် ထီပေါက်သလို အခွင့်အရေးကြီးပေါ့ ရယ်လည်းရယ်ရ စိတ်ဝင်စားဖို့လည်းကောင်းတဲ့ ဒီကားလေးကို လက်မလွတ်စေနဲ့နော်