Only Your Name in My Prayers HD

Only Your Name in My Prayers

Drama Family HD 2025-08-21 7 113 Min

ALS သို့မဟုတ် Amyotrophic Lateral Sclerosis ဆိုတာဦးနှောက်ထဲက လှုပ်ရှားမှုနဲ့အာရုံကြောဆဲလ်တွေတစ်ဖြည်းဖြည်းပျက်စီးလာတဲ့ဦးနှောက်နဲ့အာရုံကြောဆိုင်ရာရောဂါတစ်မျိုးပါ။ ခြေလက်ကြွက်သားတွေ ဆက်တိုက်လှုပ်လာတာ၊ စကားပြောလေးလံတာနဲ့အစပြုပြီးနောက်ဆုံးမှာ သွားလာလှုပ်ရှားစကားပြောတာ၊ စားသောက်တာ၊အသက်ရှူတာလိုမျိုးကိစ္စတွေကိုပါထိခိုက်လာပြီး အသက်အန္တရာယ်ပါစိုးရိမ်ရတဲ့အနေအထားရှိပါတယ်။ဒီဇာတ်ကားမှာတော့ နွေးထွေးပြီး ပျော်စရာကောင်းတဲ့၊ အချင်းချင်း ချစ်ခင်လေးစားပြီး စည်းလုံးတဲ့ မိသားစုလေးတစ်စု ဒီရောဂါနဲ့ရင်ဆိုင်တိုက်ခိုက်ရတဲ့အကြောင်းပါပဲ။ဒီဇာတ်ကားကိုအင်ဒိုနီးရှား ALS ဖောင်ဒေးရှင်းက ကူညီပံ့ပိုးထားတာဖြစ်ပြီး ဒီရောဂါအကြောင်း Awareness ရစေချင်တဲ့ရည်ရွယ်ရင်းဖြစ်ပေမယ့်တကယ်တမ်းတော့ အကောင်းစားမိသားစုဒရာမာ ဇာတ်ကားတစ်ကားအနေနဲ့တွေ့မြင်ရမှာပါ။ ထိပ်သီးအင်ဒိုနီးရှားသရုပ်ဆောင်တွေဖြစ်တဲ့ Vino G. Bastian နဲ့ Nirina Zubir တို့ဦးဆောင်ပါဝင်ထားပြီး နှဲသံခရာသံတွေနဲ့မဟုတ်ပဲ ပရိသတ်မျက်ရည်ကိုချူဦးမယ့် ဇာတ်ကားမျိုးပါ။A Moment To Remember လိုဇာတ်ကားမျိုးကိုကြိုက်ခဲ့ဖူးတယ်ဆိုရင် ဒီကားက လက်မလွတ်သင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်။