The Informant HD

The Informant

Action Comedy HD 2025-12-03 5 103 Min

အိုနမ်ဟျော့ (Heo Sung-Tae) ဟာဆိုရင်တော့ ဖမ်းဆီးစစ်ဆင်ရေးတစ်ခု ကျရှုံးသွားပြီးနောက် ရာထူးချခံလိုက်ရတဲ့ စုံထောက်တစ်ယောက်ဖြစ်ပြီး ဂျိုထယ်ဘုံး (Jo Bok-Rae) ကတော့ စုံထောက်အိုက မှောင်ခိုဂိုဏ်းထဲမှာ ထည့်ထားတဲ့ သတင်းပေးတစ်ယောက်ပါ။စုံထောက်အိုက ဂျိုထယ်ဘုံးကို အသုံးချပြီး သူ့ဘဝကြီး အလှည့်အပြောင်းရှိလာဖို့ မျှော်လင့်နေခဲ့ပေမဲ့ မှောင်ခိုဂိုဏ်းထဲမှာ သတင်းပေးအဖြစ် တာဝန်ထမ်းဆောင်နေရင်း ဂျိုထယ်ဘုံးရဲ့ သရုပ်မှန်က ပေါ်သွားပါတော့တယ်။ဒီအခြေအနေကို မသိဘဲ စုံထောက်အိုက မှောင်ခိုဂိုဏ်းရဲ့ ရုံးခန်းတစ်ခန်းထဲ မှားဝင်မိရာကနေ လျှို့ဝှက်နက်နဲတဲ့ ရာဇဝတ်မှုကြီးထဲ ဆွဲသွင်းခံလိုက်ရပြီး ဂျိုထယ်ဘုံးကလည်း ကံကောင်းထောက်မစွာနဲ့ အသက်ဘေးကနေ လွတ်မြောက်သွားပေမဲ့ စုဆောင်းထားသမျှ ပိုက်ဆံအားလုံးကို ဆုံးရှုံးလိုက်ရတဲ့အခါမှာတော့...အမှုနောက်လိုက်မဲ့ စုံထောက်နဲ့ ပိုက်ဆံနောက်လိုက်မဲ့ သတင်းပေးတို့ရဲ့ အလွဲများစွာနဲ့ ကမောက်ကမ လက်တွဲပူးပေါင်းမှုလေးကို ဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုပေးကြပါဦး။