Once Upon a Time... This Morning HD

Once Upon a Time... This Morning

Drama HD 1995-01-28 6.7 140 Min

မိသားစုတစ်စုပြိုကွဲသွားတဲ့အခါ နာကျင်ခံစားရဆုံးသူက သားသမီးတွေပါ။အို အွန့် နဲ့ အမ့်ဆိုတဲ့ကလေးသုံးယောက်ဟာ အစကတော့နေ့စဉ်အဖေရဲ့ပုံပြင်နားထောင်ရင်း ပျော်ရွှင်တဲ့မိသားစုလေးမှာနေထိုင်ခဲ့ကြတာပါ။ တစ်နေ့မှာ အိမ်ပြောင်းမယ်ဆိုပြီးအသွားမှာအဖေဖြစ်သူလိုက်မလာမှန်းသိတဲ့အခါ သမီးအကြီးဆုံးဖြစ်တဲ့ အို က မိသားစုပြိုကွဲသွားမှန်း သိသွားခဲ့ပါတယ်။ ဒီလိုနဲ့နာကျင်စွာ မိခင်ဖြစ်သူနောက်လိုက်ခဲ့ရပေမဲ့အဖေဖြစ်သူကိုအမြဲသတိရနေခဲ့ပါတယ်။တစ်နေ့မှာတော့ အို က အဖေနဲ့သွားနေမယ်ဆိုပြီး အမေအိမ်မှထွက်ပြေးကာ အွန့်နဲ့အမ့်တို့ကလည်း လိုက်သွားခဲ့ပါတယ်။ ဒီလိုနဲ့သွားရာလမ်းမှာမူးယစ်ဆေးသယ်ဆောင်တဲ့ကောင်လေးတွေနဲ့အလွဲအမှားဖြစ်ပြီး အဖေနဲ့မတွေ့ရဘဲ ကလေးတွေရဲ့ဘဝမှာဒုက္ခတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အို အွန့်နဲ့ အမ့်တို့အိမ်ပြန်လမ်းကိုပြန်ရှာနိုင်မလားဆိုတာ စိတ်ဝင်စားစရာကြည့်ရှုနိုင်မဲ့ရုပ်ရှင်တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။