မယ်လ်ဟိုတာ ဆိုတာ သာမန်လခစားဝန်ထမ်းတစ်ယောက်ပါ။ အပင်မကြီးပေမဲ့ သား ၄ ယောက်ကိုတော့ အရိပ်လုံလောက်အောင်ပေးနိုင်ခဲ့တယ်။ ငါ့သားလေးလိုချင်တာရဖို့ မိုးကိုဒူးနဲ့တိုက်ရပါစေ ဆိုတဲ့လူစားမျိုး။ သူ့မှာ ပူးဂျာဆိုတဲ့ ဇနီးသည်တစ်ယောက်ရှိတယ်။ အသက်ကြီးလာသည့်တိုင် အချစ်တွေကမကုန်ခမ်းနိုင်၊ ချစ်မဝနိုင်ဖြစ်နေတုန်း။ နက်ကတိုင်ကို စည်းတတ်တယ် ဒါပေမဲ့ မစည်းဘူး ဇနီးသည်စီးပေးမှ နက်ကတိုင်မှလည်ပင်းမှာ မြဲမှာလို့ မှတ်ယူထားတဲ့လူမျိုး။ Baghban ဆိုတာကို မြန်လာလိုပြန်ရရင် ဥယျာဉ်မှူးပေါ့လေ။ဥယျာဉ်ထဲက အပင်လေးတွေ ဝေဆာလာဖို့ နေပူပူ မိုးရွာရွာ အရိပ်တကြည့်ကြည့် ကြည့်နေရမှာ ဥယျာဉ်မှူးတစ်ယောက်ရဲ့တာဝန်ပဲလေ။ ဒါမှလည်း အပင်တွေကြီးလာခဲ့အခါမှာ ကိုယ့်ကိုအရိပ်ပြန်ပေးနိုင်မယ်လေ။ မဟုတ်ဘူးလား။ ဒါပေမဲ့ ရာ့ဂျ်အတွက်တော့ အဲလိုမျိုးမဟုတ်ခဲ့ဘူး။ ရာ့ဂျ်တစ်ယောက်အလုပ်ကထွက်ပြီး ပင်စင်စားဖြစ်လာတဲ့အခါ၊ အပင်တွေကြီးလာတဲ့အခါ၊ ရေသောက်မြစ်တွေခိုင်လာတဲ့အခါ၊ ဥယျာဉ်မှူးရေလောင်းဖို့မလိုဘူးဆိုပြီး ဥယျာဉ်မှူးကိုကန်ထုတ်ခဲ့တယ်။ တစ်ခါမှ မခွဲဖူးတဲ့၊ အရမ်းချစ်ကြတဲ့ လင်မယားနှစ်ယောက်ကို တစ်အိမ်စီခွဲပြီးခေါ်ထားလိုက်တယ်။ ပတ်ဝန်းကျင်အသစ်မှာ ကိုယ့်ကို ချစ်ခင်နွေးထွေးမှုပေးတဲ့ ဇနီးသည်ကလည်းမရှိပြန်၊ သားနဲ့ချွေးမတွေကလည်း ကိုယ့်ကို ပစ်ပယ်လာတဲ့အခါ ဖခင်တစ်ယောက်ရဲ့ရင်ထဲကမျှော်လင့်ချက်မိုးတိမ်တွေပြိုကျခဲ့ရပါတယ်။ဒီလိုနဲ့ ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကို မျက်ရည်လေးဝဲရင်းခံစားကြည့်လိုက်ကြပါဦးခင်ဗျာ။