ကာမီရဲ့ ကမ္ဘာငယ်လေးဟာ တစ်ချိန်ကဒီဘန်ယီကိုညီအစ်ကိုတွေနဲ့ ပြည့်စုံခဲ့ဖူးပါတယ်။ တစ်ယောက်က သူမရဲ့ နှလုံးသားကိုပထမဆုံးခိုးယူသွားတဲ့အချစ်ဦးသီယေဂို၊ နောက်တစ်ယောက်ကတော့သူမဘေးမှာ အရိပ်လို အမြဲကာကွယ်ပေးခဲ့တဲ့သူရဲကောင်းတေလာပါ။ ဒါပေမဲ့ ကံကြမ္မာရဲ့ကြေကွဲစရာညတစ်ညမှာသူတို့ညီအစ်ကိုနှစ်ယောက်လုံးကာမီရဲ့ဘဝထဲကနေရုတ်တရက်ပျောက်ကွယ်သွားခဲ့ပြီးနောက် ၇ နှစ်တာတိုင်တိုင်အထိ အဆက်အသွယ်ပြတ်တောက်ခဲ့ပါတယ်။အခုတော့ အရာရာကိုမေ့ဖျောက်ပြီး ဘဝသစ်ကိုလျှောက်လှမ်းနေတဲ့ကာမီ့ရှေ့မှောက်ကိုကံကြမ္မာကသူတို့နှစ်ယောက်ကိုမုန်တိုင်းတစ်ခုလိုပြန်လည်ခေါ်ဆောင်လာခဲ့ပါပြီ။အချိန်တွေကသူတို့သုံးယောက်လုံးကို ပြောင်းလဲစေခဲ့ပေမယ့်၊ နှလုံးသားထဲကသံယောဇဉ်တွေကတော့ပြန်လည်နိုးထလာတဲ့အခါ... အတိတ်က ချိုမြိန်တဲ့အနမ်းကိုပိုင်ဆိုင်ခဲ့သူနဲ့ပစ္စုပ္ပန်မှာအမြဲတမ်းအားကိုးရာဖြစ်နေသူ၊ဒီညီအစ်ကိုနှစ်ယောက်ကြားမှာကာမီရဲ့နှလုံးသားကဘယ်သူ့အတွက် ဖြစ်မလဲဆိုတာကတော့ရင်တလှပ်လှပ်နဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဗျာ။