October Sonata HD

October Sonata

Drama Romance HD 2009-12-24 7 108 Min

ရက်စွဲ​တွေပါတဲ့အမှတ်တရဇာတ်လမ်း​တွေဟာ ဇာတ်သိမ်းမလှတာ​တွေများပါတယ်။ "အမှတ်တမဲ့မှအမှတ်တရများသို့ "ဆိုတဲ့စကားအတိုင်း အမှတ်တမဲ့ဖြစ်ရပ်​သေး​သေး​လေးကစတင်ခဲ့တဲ့"ဆဲန်ကျန်"ဆိုတဲ့​စာမဖတ်တတ်တဲ့​ကောင်မ​လေးတစ်​ယောက်နဲ့ နိုင်ငံခြားမာစတာတန်းပညာ​တော်သင်​ကျောင်းသားဖြစ်တဲ့ "ရာဝီ" တိုရဲ့အချစ်​ရေး​​အ​ကြောင်းရိုက်ကူးထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ "ဆဲန်ကျန်"ဟာ ​​မထင်မှတ်ထားတဲ့ နှစ်တစ်နှစ်ရဲ့ ​အောက်တိုဘာလမှာ "ရာဝီ"ဆိုတဲ့​​​ကောင်​လေးနဲ့​တွေ့ခဲ့ကြပါတယ်။ တစ်ညတာအတွင်း ရင်းနှီးခဲ့ကြတဲ့သူတို့နှစ်​ယောက်ကြားကဆက်ဆံ​ရေးဟာမျက်စိတစ်မှိတ်အတွင်းမှာပဲကုန်ဆုံးသွားခဲ့ပါတယ်။ အ​ကြောင်းက​တော့ "ရာဝီ"ဟာ နိုင်ငံခြားပညာ​တော်သင်သွားဖို့ဖြစ်လာခဲ့လိုပါ။ ဒါ​ပေမဲ့ သူတို့နှစ်​ယောက်ရဲ့ဆက်ဆံ​ရေးဟာအဆုံးသတ်မသွားခဲ့ပါဘူး။ နှစ်တိုင်းရဲ့ ​အောက်တိုဘာလ ၈ ရက်​နေ့မှာ နှစ်​ယောက်သားရဲ့အမှတ်တရ​နေရာ​လေးဆီပြန်လာကြဖို ကတိ​ပေးခဲ့ပါတယ်။ ဒီလိုနဲ့ "ဆဲန်ကျန်"ဟာ ​အောက်တိုဘာလ ၈ရက်​နေ့​ရောက်တိုင်း အမှတ်တရ​တွေရှိခဲ့တဲ့​နေရာ​လေးမှာ အမြဲတမ်း​စောင့်​မျှော်​နေခဲ့ပါတယ်။ "ရာဝီ"က​ရော ကတိအတိုင်းပြန်လာပါ့မလား။ သူတိုနှစ်ယောက်ရဲ့အချစ်​ရေးက​​ရော ​ဖြောင့်ဖြူးနိုင်ပါ့မလား။ "ဆဲန်ကျန်"က​​ရော ရာဝီတစ်​ယောက်တည်းကိုပဲ ​စောင့်စားပါ့မလား။ အချစ်နဲ့ဘဝ​ရွေးချယ်ဖို့ဖြစ်လာတဲ့အခါ လူ​တွေဟာဘယ်အရာကို ဦးစားပေးသွားကြမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်