"ကျန်းမာခြင်းသည် လာဘ်တစ်ပါး" ဆိုတဲ့ စကားပုံအတိုင်း လူတွေဟာ ကျန်းမာနေတဲ့အချိန်သာ မသိသာပေမဲ့ နာမကျန်းဖြစ်တဲ့အခါ ဘယ်လိုကြုံတွေ့ရမလဲ.......စိတ်သွားတိုင်းကိုယ်မပါတဲ့ ဘဝမှာ ချုပ်နှောင်လို့မရတဲ့ စိတ်ကူးတွေကိုဘယ်အထိများ ပျံသန်းခိုင်းလို့ရမလဲ......ကိုယ့်ကိုယ်ကိုတောင် မပိုင်တဲ့ဘဝမှာ သူတပါးရဲ့ ကိစ္စအဝဝကို မငြိုမငြင်စောင့်ရှောက်ပေးနိုင်ဖို့ဆိုတာ......ဒီကားလေးကတော့ မတော်တဆမှုတစ်ခုကြောင့် အောက်ပိုင်းသေသွားရတဲ့ အိတ်ဆိုတဲ့ကောင်ငယ်လေးရဲ့ စိတ်ကူးစိတ်သန်းတစ်ချို့ကို ဖော်ကျူးထားတာပါ ဒီဇာတ်လမ်းထဲမှာ ဝေဒနာရှင်အိတ်နဲ့ သူ့ကိုစောင့်ရှောက်ပေးနေတဲ့ သူနာပြုကောင်လေး ပန် တို့အကြောင်းကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်