The Eel HD

The Eel

Crime Drama HD 1997-05-12 6.876 117 Min

ရာမာရှီတဆိုတဲ့သူဟာ သူ့မိန်းမဖောက်ပြန်နေတယ်ဆိုပြီး တစ်စုံတစ်ယောက်က သတိပေးတာကြောင့် အိမ်ပြန်ပြီးချောင်းတဲ့အချိန်မှာ အဲဒီသတင်းမှန်နေတာကို မြင်သွားပါတယ်။ ဒါနဲ့စိတ်မထိန်းနိုင်တော့ဘဲ နေရာမှာတင် ရာမာရှီတဟာ သူ့မိန်းမကိုသတ်လိုက်ပြီး ရဲစခန်းကို ကိုယ်တိုင်သွားအဖမ်းခံလိုက်ပါတယ်။ ဒီလိုနဲ့ ရှစ်နှစ်ကြာပြီးတဲ့နောက်မှာ ရာမာရှီတဟာ ထောင်ထဲမှာကောင်းကောင်းမွန်မွန်နေတဲ့အတွက် သူ့ကို အကျယ်ချုပ်နဲ့ပြန်လွှတ်ပေးလိုက်ပါတယ်။ အဲဒီမှာ သူနဲ့အတူ ထောင်ထဲမှာမွေးထားတဲ့ ငါးရှဉ့်လေးကိုပါ ခေါ်လာခဲ့ပါတယ်။ အဲ့နောက်မှာတော့ ရာမာရှီတလည်း သူ့‌အမေအမွေပေးခဲ့တဲ့ပိုက်ဆံနဲ့ ဆံပင်ညှပ်ဆိုင်တစ်ခု ဖွင့်ထားတဲ့အချိန်မှာကီကိုဆိုတဲ့မိန်းကလေးတစ်ယောက်ဟာ ရာမာရှီတရဲ့ဘ၀ထဲကို ရောက်လာပါတော့တယ်။ ဒီတော့ မိန်းမတွေကိုသာမက လောကကြီးကိုပါ စိတ်ကုန်သွားလို့ အိမ်မွေးတိရစ္ဆာန်အဖြစ်ငါးရှဉ့်တစ်ကောင်ကို အဖော်ပြုနေတဲ့ ရာမာရှီတတစ်ယောက် သူ့ဘ၀ထဲ ကီကို၀င်ရောက်လာတဲ့အခါ ဘယ်လိုတွေပြောင်းလဲသွားမလဲ။ ဘာတွေကြုံတွေ့ရမလဲ ရာမာရှီတတစ်ယောက်ထောင်ကနေ အပြီးအပိုင်လွတ်ပြီး ကီကိုနဲ့ပေါင်းစည်းနိုင်မှာလားဆိုတာကိုတော့ အတူစောင့်ကြည့်လိုက်ရအောင်ပါ။