မိသားစု ဒရာမာဟာသကာမျှော်လင့်နေသူတွေအဖို့ ဇာတ်ကားကောင်းတခု တင်ဆက်ပေးပါရစေ....Rating မှာဆိုလဲ 7.6ကို voting5.3kတောင်ဆိုတော့ အထွေအထူးညွှန်းစရာမလိုလောက်ဘူးထင်ပါတယ်.........ဇာတ်လမ်းအကျဉ်းကတော့ လန်ဒန်ကို မိသားစုနဲ့အတူ ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်စမလေးအရွယ်တည်းကပြောင်းလာရတဲ့ ဘင်နီ.... တရက်တော့ အဖိုးနဲ့အဖွားလန်ဒန်ကို လာမယ်ဆိုတော့ သူစိတ်ညစ်ရပြီလေ ရိုးရာဓလေ့ဦးစားပေးတဲ့ အဖိုးနဲ့အဖွားဖြစ်သူက သူမနဲ့ အိပ်ခန်းတခန်းထဲအတူနေရမယ်ဆိုတော့ ခေတ်ဆန်တဲ့ လူငယ်ဆန်ဆန်သူမပုံစံနဲ့ မပြေလှဘူးပေါ့...ဒီလိုနဲ့ တမိသားစုလုံး ရှေးရိုးစွဲလူကြီးမိဘတွေကြား ဟန်ဆောင်နေရင်း ဘယ်လိုအလွဲလေးတွေနဲ့ ကြုံတွေ့ပြီး ရယ်စရာ ပျော်စရာဝမ်းနည်းစရာရသတွေကို ပေးစွမ်းနိုင်မလဲဆိုတာကိုတော့...