သူ့နာမည်က မော်ဂလီ တောတွင်းသားလေးနာမည်ပေါ့ မိဘတွေကို ငယ်စဉ်တည်းက ဆုံးရှုံးလိုက်ရပြီးတောထဲမှာပဲ ဇစ်မြစ်ချနေနေလို့ မော်ဂလီလို့ခေါ်ကြတယ် ....နေလာရင်းနဲ့တစ်နေ့ ရိုက်ကူးရေးအဖွဲ့သားတွေက သူတို့ရွာမှာ ရုပ်ရှင်လာရိုက်ကြတယ် လူစားထိုးဖို့လိုနေတာနဲ့ ပေးမဲ့ပမာဏကလည်းများနေတော့ မော်ဂလီတစ်ယောက် အရန်မင်းသားဝင်လုပ်တယ်ပေါ့ အဲဒီမှာ မင်းသမီးလေးဂျပ်စမင်ဆိုတာနဲ့တွေ့ဖို့အကြောင်းဖန်လာခဲ့တယ်....ဂျပ်စမင်က ဆွံ့အနားမကြားသူတစ်ယောက် ဒါပေမဲ့ သူ့အလှကတော့ အများကြားပေါ်လွင်လွန်းတာကြောင့် လိုချင်တဲ့လူက ခပ်များများရယ် ဆရာ့ဆရာကြီးတွေနဲ့ အပြိုင်ကြဲရင်း အချစ်အတွက် သူရင်ဆိုင်ရမှာတွေက ဘာတွေများဖြစ်နေမလဲ လိုချင်တာကိုရော တောတွင်းသားလေးတစ်ယောက် ရသွားနိုင်မလားဆိုတာကတော့...။