ဒီဇာတ်ကားလေးကတော့ ပုံမှန်ကြည့်နေကျဇာတ်ကားနဲ့မတူဘဲ တစ်မူခြားနေမှာပါ။ဒီဇာတ်လမ်းလေးရဲ့အကြောင်းအရာက ဒေါဝ်ဆာဝိုင် ပိုင်ဂျစတျာလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်က သူ့ချစ်သူကို အချစ်စစ်နဲ့ချစ်ပြီး သူ့ချစ်သူကိုယုံကြည်ပြီး ဘဝကိုပုံပေးလိုက်တဲ့အခါမှာနောက်ဆက်တွဲဘာတွေဖြစ်လာမလဲဆိုတဲ့ အကြောင်း......တဖက်မှာလဲ ပြည့်တန်ဆာတစ်ယောက်ကိုချစ်မိတဲ့ ရင့်ကျက်ပ်လို့ခေါ်တဲ့စာရေးဆရာတစ်ယောက်ရဲ့ ဝတ္ထုထဲကအကြောင်းအရာတွေက ဘာတွေများဖြစ်မလဲဆိုတဲ့အကြောင်း......ထပ်ပြီး မာလိလိုခေါ်တဲ့ပြည့်တန်ဆာမိန်းကလေးဘဝက တစ်နေ့တာ ဘယ်လိုရှင်သန်ရုန်းကန်ရလဲဆိုတဲ့အကြောင်း......ဒေါဝ်ဆာဝိုင်တစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်း အနိမ့်အမြင့်တွေနဲ့ သစ္စာဖောက်မှုတွေကြား ဘယ်လိုရုန်းကန်ပြီး ရင်ဆိုင်မလဲဆိုတဲ့ အကြောင်းတွေကိုဇာတ်ရှိန်ကောင်းကောင်းနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။