တစ်ကိုယ်ရေအမြင်အရတော့ Paul Thomas Andersonရဲ့ မာစတာပိစ်က Magnoliaပဲ။ နောက် Magnoliaလိုမျိုး Pure Artစစ်စစ် ဖြစ်နေတဲ့ ရုပ်ရှင်မျိုး ဟောလိဝုဒ်အနေနဲ့တော့ လက်ချိုးရေနိုင်တဲ့ပမာဏအထိ ရှားကောင်းရှားလိမ့်မယ်။ ကျွန်တော်သိသလောက်ထဲတော့ ရှားတယ်။ပေါလ်သောမတ်စ်အန်ဒါဆန်ဟာ ဟောလိဝုဒ်ရဲ့ Art Houseအတော်ဆန်တဲ့ ဒါရိုက်တာလို့ကျွန်တော်တော့ မြင်တယ်။ MAGNOLIAဟာ လေးပင်ပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်အိမ်မျိုးကို ပိုင်ထားပေမဲ့ အာမခံလို့ရတာကတော့ အတော့်ကိုနားထောင်လို့ ကောင်းတဲ့ AIMEE MANNရဲ့ သီချင်းတွေနဲ့အလှပဆုံးဇာတ်သိမ်းခန်းနဲ့တင် ဒီရုပ်ရှင်ဟာ အတော့်ကို မှော်ဝင်နေပါပြီ။ ဒါကြောင့်လည်း တစ်ချို့က MAGNOLIAကို အန်ဒါဆန်ရဲ့ MASTERPIECEရုပ်ရှင်လို့ဆိုကြတယ်။