The Attorney HD

The Attorney

Drama History HD 2013-12-18 7.784 127 Min

ဆုန်းအူဆော့ (Song Kang-Ho) ကတော့ အထက်တန်းသာ အောင်ခဲ့ပေမဲ့ ဥပဒေစာမေးပွဲ အောင်မြင်ပြီးနောက်မှာရှေ့နေဖြစ်လာသူပါ။ နောက်ခံလည်းမရှိ၊ ပိုက်ဆံလည်းမရှိ၊ ပညာအရည်အချင်းလည်း မပြည့်စုံသူဖြစ်ပေမဲ့ သူများတွေ ဘယ်လိုပဲ ကဲ့ရဲ့ပါစေ ပိုက်ဆံတစ်ခုတည်းသာ ကြည့်ပြီးတော့ ကြိုးစားလာခဲ့ပြီး သူ့ရဲ့ထူးချွန်တဲ့ စီးပွားရေးအမြင်ကြောင့်လည်း လက်ရှိမှာတော့ ဘူဆန်မှာ ဝင်ငွေအကောင်းဆုံး အခွန်ကျွမ်းကျင် ရှေ့နေတစ်ယောက် ဖြစ်လို့နေပါပြီ။ ဒီလိုနဲ့ တစ်နေ့မှာ ဥပဒေစာမေးပွဲဖြေဖို့ ပြင်ဆင်စဉ်ကာလက ထမင်းဖိုးအကြွေးတင်ခဲ့တဲ့ ဝက်သားစွပ်ပြုတ်ထမင်းဆိုင်ရှင် အဒေါ် ချွဲဆွန်းအယ် (Kim Young-Ae) ဆီ ပြန်လည်ကျေးဇူးဆပ်ဖို့ရာ သွားရောက်ရင်း သူ့ရဲ့သားလေး ဘတ်ဂျင်အူ (Yim Si-Wan) က ကွန်မြူနစ်လို့ စွပ်စွဲခံရပြီး တရားရင်ဆိုင်ရမယ်ဆိုတဲ့အကြောင်း ကြားသိလိုက်ရတဲ့အခါမှာတော့...မတရားခံနေရတဲ့ ဂျင်အူကို မြင်ပြီးနောက်မှာ အရင်က ပိုက်ဆံတစ်ခုတည်းပဲ သိခဲ့တဲ့ ရှေ့နေဆုန်းက ဘယ်လိုတွေ ပြောင်းလဲသွားပြီးတော့ ဂျင်အူအတွက် ဘယ်လိုမျိုး အစွမ်းကုန် ရှေ့နေလိုက်ပေးသွားမလဲကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။