အဖေဖြစ်သူက သုံးမကုန်အောင်ရှာပေးထားပြီး မိန်းမယူ မြေးလေးတွေမွေးပေးဖို့ပူဆာနေပေမဲ့ကိုယ့်အောင်မြင်မှုကို ကိုယ်တိုင်ပဲရှာမယ်ဆိုပြီးသတင်းထောက်အလုပ်နဲ့အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ကာနာ။အဖေဖြစ်သူစကားနားထောင်ပြီး အိမ်ထောင်ရေးစကားကြောင်းဖို့ အမျိုးသမီးတွေအိမ်ကို လိုက်တော့လိုက်ပေမဲ့အကြောင်းအမျိုးမျိုးပြပြီးငြင်းခဲ့တဲ့ ကာနာ။တစ်နေ့မှာတော့ အမေဖြစ်သူရှိရာ ဇာတိမြို့ကလေးဆီ ခရီးထွက်လာခဲ့ရာက ဆရာမလေးဆူမာကိုမြင်မြင်ချင်းချစ်သွားခဲ့တာပေါ့။ဒါပေမဲ့ ဆူမာက သူ့ကို တွေ့တွေ့ချင်းပဲ ပါးရိုက်လိုက်မိတဲ့အခါ...။ဘာလို့ ကာနာတစ်ယောက် ပါးရိုက်ခံရတာလဲ။ ဆူမာ့အပေါ်မြင်မြင်ချင်းအချစ်ကရောပျောက်ကွယ်သွားမှာလားဆိုတာခံစားကြည့်ရှုကြပါဦး။