Fanny and Alexander HD

Fanny and Alexander

Drama Fantasy Mystery HD 1982-12-17 7.8 188 Min

Fanny and Alexander သည် ကလေးဘဝ၏ ဆန်းကြယ်မှုနဲ့ စိတ်ကူးစိတ်သန်းများကို စူးစမ်းဖော်ထုတ်ထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ ခေတ်ဟောင်းရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်ဇာတ်လမ်း၏အစမှာ ၊  Alexander နှင့် Fanny တို့ဟာ သူတို့ရဲ့  ပြဇာတ်ဆန်ပြီး ပျော်ရွှင်ချမ်းမြေ့ဖွယ် Ekdahl မိသားစုဘဝ၏ အလင်းရောင်နှင့် နွေးထွေးမှုကို ခံစားရတယ်။ သို့သော် ရုတ်တရက်အပြောင်းအလဲတစ်ခုကြောင့် သူတို့ဟာ တင်းကျပ်သော စည်းကမ်းနှင့် စိတ်ခံစားမှု ကင်းမဲ့သည့် ပတ်ဝန်းကျင်သစ်တစ်ခုထဲသို့ ကျရောက်သွားတယ်။  ဒီရုပ်ရှင်သည် ဤကြမ်းတမ်းသောလက်တွေ့ဘဝကို စိတ်ကူးယဉ်မှုဖြင့် ရင်ဆိုင်ဖြေရှင်းရသော ကလေးများ၏ ဒရာမာဆန်သည့် အခြေအနေကို ပုံဖော်ထားတဲ့ရုပ်ရှင်ဘဲဖြစ်ပါတယ်။ရုပ်ရှင်ဓာတ်ပုံပညာရှင် Sven Nykvist ၏လက်ရာကြောင့် အဲခေတ်အနေအထားနဲ့ ပြောရရင် အလွန်အမြင်အားဖြင့် လှပပြီး လက်တွေ့ဘဝနှင့် သဘာဝလွန်အရာများကို ရောစပ်ထားသည့်ဒီရုပ်ရှင်ဟာ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးနက်နဲမှုများဖြင့် ပြည့်နှက်နေသည့် ခရီးတစ်ခုအဖြစ် ပုံဖော်ထားတာဖြစ်ပါတယ်။ လူသားတို့ရဲ့ အတွေ့အကြုံ အတိုင်းအတာတစ်ခုလုံးကို ဖော်ပြထားသည့်မရှိမဖြစ်ကြည့်ရှုသင့်သော လက်ရာတစ်ခုဖြစ်ပါတယ်။