Battle of Jangsari HD

Battle of Jangsari

Drama History War HD 2019-09-25 6.8 104 Min

တပ်မှူးကြီးအီမြောင်ဂျွန် ဦးဆောင်တဲ့ ကျောင်းသား စစ်သား ၇၇၂ ယောက်ပါဝင်တဲ့ ဂယ်လီလာတပ်ဖွဲ့ဟာ မွန်းဆန်းဟိုသင်္ဘောကို စီးပြီး သူတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ ဂျန်ဆာရီကမ်းခြေဆီကို ဦးတည်နေပါတယ်။သူတို့ရဲ့ တာဝန်ကတော့ တောင်ကိုရီးယားတပ်ဖွဲ့က အဲဒီနေရာမှာ နောက်ဆုံး ထိုးစစ်ဆင်မယ်ဆိုပြီးမြောက်ကိုရီးယားတွေကို ယုံအောင် လှည့်စားဖို့ပါပဲ။  ဒါပေမဲ့ အဲဒီလို လှည့်စားနိုင်ဖို့ဆိုရင် အင်ချွန်းဆိပ်ကမ်းကပ်တဲ့ စစ်ဆင်ရေးကို အရင်ဆုံး အောင်မြင်စွာ လုပ်ဆောင်ဖို့ကလည်း လိုအပ်ပြန်နေပါသေးတယ်။ တစ်ဖက်မှာလည်း အမေရိကန်သတင်းထောက်ဖြစ်တဲ့ စစ်ရေးသတင်းထောက်မလေးဟာ ကိုရီးယားစစ်ပွဲအခြေအနေကို အဆက်မပြတ် ဖော်ပြပြီး လက်နက်ခဲယမ်း၊ ရိက္ခာမလုံလောက်မှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းဆီကနေ အကူအညီရရှိဖို့အတွက် ကြိုးစားပေးနေပေမဲ့ အခြေအနေတွေက အဖက်ဖက်က မလွယ်ကူတဲ့အခါမှာတော့.........တပ်မှူးကြီး အီမြောင်ဂျွန်နဲ့ လေ့ကျင့်ရေး ၂ ပတ်သာ ဆင်းရသေးပြီး စစ်ရေးအတွေ့အကြုံ လုံးဝ မရှိတဲ့ အသက် ၁၇ နှစ်အရွယ် ကျောင်းသား စစ်သား ၇၇၂ ယောက်တို့ ဂျန်ဆာရီကမ်းခြေမှာ သူတို့ရဲ့ စစ်ဆင်ရေးကို အောင်မြင်စွာ လုပ်ဆောင်နိုင်သွားမလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ရအောင်နော်။