ကျောင်းထုတ်ခံလိုက်ရတဲ့လူငယ်လေးကာလ်တစ်ယောက်၊ သူ့အမေက သူရဲ့အချိုးတွေကို ပြင်ဖို့ဆိုပြီး ဒီသင်္ဘောပေါ်မှာရှိတဲ့ သူ့ရဲ့ခေါင်းကိုင်ဖခင်ကွမ်တင်ဆီကို ပို့လိုက်ရာကနေ စတင်ပါတယ်။တကယ်တမ်းသင်္ဘောပေါ်ရောက်သွားတဲ့အခါမှာတော့ သူ့အမေထင်သလို စည်းကမ်းကြီးတဲ့နေရာမဟုတ်ဘဲ၊ ဂီတရူးသွပ်သူတွေ၊ ထူးဆန်းတဲ့ဒီဂျေတွေနဲ့ပြည့်နှက်နေတဲ့လွတ်လပ်မှုနယ်မြေဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ တစ်ဖက်မှာလည်း သဘောထားတင်းမာတဲ့ အစိုးရဝန်ကြီးတစ်ယောက်က ဒီရေဒီယိုလိုင်းကို အကျင့်ပျက်ခြစားမှုရဲ့အရင်းအမြစ်လို့သတ်မှတ်ပြီး အပြုတ်ဖြုတ်ဖို့နည်းလမ်းပေါင်းစုံနဲ့ကြိုးပမ်းလာပါတော့တယ်။ပင်လယ်ပြင်က ဂီတသမားတွေနဲ့ ကုန်းမြေပေါ်က အာဏာပိုင်တွေရဲ့အားပြိုင်ပွဲမှာ ဘယ်သူအနိုင်ရမလဲ... လူငယ်သန်းပေါင်းများစွာရဲ့နှလုံးသားကို ဖမ်းစားထားတဲ့ Rock & Roll သီချင်းသံတွေ ပင်လယ်ပြင်ကနေဆက်လက်ပျံ့လွင့်နိုင်ပါ့မလားဆိုတာကိုတော့ ဂီတ Vibe အပြည့်နဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။