Superhost FHD

Superhost

Horror Thriller FHD 2021-08-14 5.773 83 Min

“Superhost”ဆိုတာက Teddy နဲ့ Clair ဆိုတဲ့ Travel blogger နှစ်ယောက်စီစဥ် တင်ဆက်နေတဲ့အစီအစဥ်တစ်ခုပဲ။သူတို့နှစ်ယောက်က အပန်းဖြေအိမ်တွေမှာလိုက် ငှားနေပြီးရီဗျူးဗီဒီယိုတွေရိုက်ပြီးတော့ ” Superhost”မှာ အပိုင်းလိုက်နဲ့တင်ကြတာ။ ဒါပေမယ့် တဖြည်းဖြည်းနဲ့လူစိတ်ဝင်စားမှုနည်းလာပြီး ကြည့်ရှုနှုန်းကျလာလို့ ကြည့်ရှုနှုန်း ပြန်တက်အောင်နှစ်ယောက်သားကြံကြတာပေါ့။ ဒီလိုနဲ့ပဲ Rebeccaဆိုတဲ့အမျိုးသမီးတစ်ဦးပိုင်ဆိုင်တဲ့အပန်းဖြေအိမ်လေးကို သူတို့ငှားဖြစ်သွားပြီး ရီဗျူးဗီဒီယိုလေးရိုက်ဖို့စီစဥ်ခဲ့ကြတယ်။ Teddy ကတော့ ဒီအစီအစဥ်လေးကိုရိုက်ကူးရင်း Clair ကိုလက်ထပ်ခွင့်တောင်းဖို့ပါစီစဥ်နေခဲ့တာပေါ့။ ဒါပေမယ့် တစ်ရက်ကျ Teddyနဲ့ Clairတို့နဲ့ပတ်သက်ခဲ့ဖူးတဲ့လူတစ်ယောက်မထင်မှတ်ပဲ သူတို့နေရာအိမ် ဆီရောက်ရှိလာခဲ့ပါတယ်။ ဒီလိုနဲ့ပဲနောက်ပိုင်းကျ မထင်မှတ်ထားတဲ့ကံကြမ္မာဆိုးနဲ့ နှစ်ယောက် သားကြုံကြိုက်ပြီးတော့ ဒီကံကြမ္မာဆိုးကနေဘယ်လိုရုန်းထွက်မလဲဆိုတာကို ကြည့်ရမယ့် Horror ,Thriller ကားကောင်းလေးတစ်ကားပါ။