Vritta HD

Vritta

Thriller Mystery HD 2025-08-01 8.3 0 Min

ဘာတွေဖြစ်နေတာလဲ၊ ဘာဆက်ဖြစ်မလဲဆိုတဲ့သိချင်စိတ်ကို ဆွဲခေါ်သွားပေးမဲ့ကန်နာဒါစကားပြော အိန္ဒိယလျှို့ဝှက်ဆန်းကြယ်သည်းထိတ်ရင်ဖိုရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ဘယ်လိုမှရှောင်လွှဲလို့မရတဲ့အကြောင်းတရားကြောင့် ဆစ်ဒါးတစ်ယောက် ဘန်ဂလိုကနေ ပုရှ်ပါဂီရိကိုညတွင်းချင်းခရီးထွက်ဖို့ ဖြစ်လာခဲ့တယ်။ကိုယ်ဝန်ရှိသွားတဲ့ချစ်သူဆီက ဖုန်းဆက်ပြီး ရန်လုပ်တာတွေ၊ အကြွေးရှင်ဆီကမိသားစုနဲ့ ခြိမ်းခြောက်ပြီးအကြွေးလှမ်းတောင်းတာတွေကြောင့် စိတ်အလိုမကျမှုဒေါသမောဟတွေနဲ့ကားမောင်းလာခဲ့ရတာပေါ့။တစ်နေရာအရောက်မှာတော့ ယာဉ်မတော်တဆဖြစ်လို့ အကူအညီပေးဖို့ဆိုပြီး မသိတဲ့ဖုန်းနံပါတ်ကနေဖုန်းဆက်လာပါတယ်။တိုက်တိုက်ဆိုင်ဆိုင် မတော်တဆဖြစ်တာကလည်း သူ သွားနေတဲ့လမ်းပေါ်မှာတဲ့။ယာဉ်မတော်တဆမှုဆိုတာ တကယ်ပဲလား...။ ဒီလမ်းကိုအလာ စတိုးဆိုင်ကသတိပေးလိုက်သလိုပဲဒီလမ်းကိုက မကောင်းတာတွေရှိနေတာလားဆိုတာရှုစားကြရမှာပါ။