ဇာတ်လမ်းလေးကတော့ ရိုင်ယန်ဘင်ဂန်ဆိုတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဟာတခြားကုမ္ပဏီတွေက ဝန်ထမ်းလျှော့ချချင်တဲ့အခါ တခြားသူတွေအစား ဝင်ပြီးလူတွေကို အလုပ်ထုတ်ပေးရတဲ့ အလုပ်ကို လုပ်နေရသူပါ။ ရိုင်ယန်က တစ်နှစ်ကို ၃၂၂ ရက်လောက် ခရီးထွက်နေရပြီး လေယာဉ်ပေါ်နဲ့ ဟိုတယ်တွေမှာပဲအချိန်ကုန်လေ့ရှိသူ ဖြစ်ပါတယ် ။ သူ့မှာ ကိုယ်ပိုင်အိမ်ဆိုတာထက် လေဆိပ်တွေကသာ သူ့အိမ်လို ဖြစ်နေပြီးအမေရိကန်လေကြောင်းလိုင်းရဲ့ မိုင်ပေါင်း ၁၀ သန်းပြည့်ဖို့ကိုပဲ ရည်မှန်းချက်ထားနေသူပါ။ သူက အိမ်ထောင်မပြုချင်၊ သံယောဇဉ်မတွယ်ချင်ဘဲ"ကျောပိုးအိတ်အလွတ်" ဆိုတဲ့ ဒဿနနဲ့ လွတ်လွတ်လပ်လပ်နေရတာကိုကြိုက်တဲ့သူတစ်ယောက်အဖြစ် ဟောပြောပွဲတွေမှာ မိန့်ခွန်းတွေပြောလေ့ရှိပါတယ်။ဒီလိုနဲ့တစ်နေ့မှာတော့ နာတာလီဆိုတဲ့ကောင်မလေးတစ်ယောက်ဟာလူကိုယ်တိုင်သွားပြီး အလုပ်ထုတ်စရာမလိုဘဲ video callနဲ့ အလုပ်ထုတ်လို့ရမယ့်စနစ်ကို စတင်မိတ်ဆက်လိုက်တာကြောင့် သူ့ရဲ့ပျော်နေတဲ့ဘဝဟာ ခြိမ်းခြောက်ခံရသလိုဖြစ်လာပါတော့တယ်။ဒီလိုနဲ့သူလည်း နာတာလီကို ဝန်ထမ်းတွေကို video call ကနေ အလုပ်ထုတ်တာဟာ လက်တွေ့မဆန်ကြောင်း သူနဲ့အတူလိုက်ပြီးလက်တွေ့လုပ်ကြည့်ဖို့ လိုကြောင်းတွေ ပြောတာကြောင့်နာတာလီနဲ့ ရိုင်ယန်တို့ဟာ ခရီးထွက်ရပါတော့တယ်။ခရီးထွက်နေရင်း ရိုင်ယန်ဟာ သူ့လိုစိတ်တူကိုယ်တူဖြစ်တဲ့ အဲလက်နဲ့တွေ့ဆုံလာခဲ့ပြီး ဘယ်လိုတွေဆက်ဖြစ်မလဲ ..ကျောပိုးအိတ်ဆိုတဲ့ဒဿနဆိုတာကိုရော ဆက်ပြီးတော့လက်ကိုင်ထားဦးမှာလားနာတာလီရဲ့အစီအစဥ်စနစ်ကရော အောင်မြင်ပါ့မလားဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဗျာ။