Middle Class HD

Middle Class

Comedy Drama HD 2025-11-21 8.3 124 Min

လက်ရှိခေတ်ကြီးထဲက လူလတ်တန်းစားမိသားစုတစ်ခုရဲ့ဘ၀ကို ပုံဖော်ထားပြီးလတ်တလောရေပန်းစားနေတဲ့ တမီးလ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။မာ့စ်က တစ်လမှ ရူပီးသောင်းခြောက်ထောင်ပဲရတဲ့ ရုံးဝန်ထမ်းတစ်ယောက်။ဟိုဖြတ်ဒီဖြတ်၊ လမ်းစရိတ်၊ ကလေးတွေကျောင်းစရိတ်နဲ့ ဘာမှမကျန်ရတဲ့ကြားထဲမိန်းမဖြစ်သူရဲ့ သူ့မောင်မင်္ဂလာဆောင်လက်ဖွဲ့ဖို့နဲ့ မြေဝယ်ဖို့ဆိုတဲ့ ပူဆာမှုတွေကြောင့်တစ်နေ့တစ်နေ့ ကောင်းကောင်းမနေရ။မိန်းမဖြစ်သူရဲ့ MLMကစလို့ Youtubeချန်နယ်ထောင်တဲ့အထိ မောင်တထမ်းမယ်တရွက်ဆိုသလိုအမျိုးမျိုးဒုက္ခပေးတတ်သေးတာလည်း ခံရပြန်သေးရဲ့။တစ်နေ့တော့ ကွယ်လွန်သွားပြီဖြစ်တဲ့အဖေဖြစ်သူ ကျေးဇူးပြုခဲ့ဖူးသူဆီက သိန်းတစ်ရာတန်ချက်လက်မှတ်ရလိုက်ပေမဲ့ ထီပေါက်ပြီးထီလက်မှတ်ပျောက်ဆိုသလို ချက်လက်မှတ်မှာ သူ့နာမည်မပါတဲ့အပြင်ချက်လက်မှတ်ကလည်းပျောက်၊ ချက်လက်မှတ်ပေးလိုက်တဲ့သူကလည်း ဆုံးပါးသွားချိန်မှာတော့...။