Love Barista HD

Love Barista

Comedy Romance HD 2025-10-03 6 117 Min

ဂန်ဂျွန်အူ (Lee Kwang-Soo) ကတော့ အာရှတစ်ခွင် ဘယ်နေရာသွားသွား အထူးတလည် နေရာပေးဆက်ဆံခံရတဲ့ ထိပ်တန်းမင်းသားတစ်လက်ပါ။ဒါပေမဲ့ တက်သစ်စမင်းသား ချာဒိုဟွန်း (Kang Ha-Neul) က သူ့ရဲ့နေရာကို ခြိမ်းခြောက်လာသလိုနာမည်ကြီးဒါရိုက်တာ အီဝန်းဆော့ (Yoo Jae-Myung) ရဲ့ ဇာတ်ကားသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ အခွင့်အရေးနဲ့လည်း လွဲချော်သွားခဲ့ရပါတယ်။ ဒီကြားထဲ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ် မန်နေဂျာလည်းဖြစ်တဲ့ ဂျောင်ဟန်ချော (Um Mun-Suk) နဲ့ပါ ဆက်ဆံရေး မပြေလည်ဖြစ်လာတဲ့ ဂျွန်အူတစ်ယောက် ဗီယက်နမ်ကို ကြော်ငြာသွားရိုက်ရင်းကနေ စိတ်လိုက်မာန်ပါနဲ့ အားလပ်ရက်ယူမယ်လို့ ကြေညာပြီး ကိုယ်ယောင်ဖျောက်သွားပါတော့တယ်။ဒီလိုနဲ့ မထင်မှတ်တဲ့ မတော်တဆလေးတစ်ခုကြောင့် ဖုန်းရော ပိုက်ဆံရော နိုင်ငံကူးလက်မှတ်ပါ မရှိတော့တဲ့ ဂျွန်အူဟာ ထောင် (Hoàng Hà) ဆိုသူ ဗီယက်နမ်မိန်းကလေးနဲ့ မမျှော်လင့်ဘဲ တွေ့ဆုံပတ်သက်မိတဲ့အခါမှာတော့...စိမ်းသက်တဲ့နေရာမှာ တွေ့ကြုံရတဲ့ ထိပ်တန်းမင်းသား ဂန်ဂျွန်အူရဲ့ အားလပ်ရက်ခရီးလေးက ဘယ်လိုအလွဲလေးတွေ ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ရှိနေမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။