Goodbye June HD

Goodbye June

Drama HD 2025-12-12 7 114 Min

ဒီရုပ်ရှင်လေးကတော့ ခရစ္စမတ်ကာလမှာထွက်ရှိလာတဲ့ ယောက်ျားလေးတွေရဲ့ အသဲစွဲမင်းသမီးဖြစ်သူ Kate Winslet ကပထမဆုံးအနေနဲ့ ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ မိသားစု ဒရာမာဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။ဇာတ်ညွှန်းကိုလည်း သူ့ရဲ့သားဖြစ်တဲ့ Joe Anders ရေးသားထားတာဖြစ်ပါတယ်။ သားအမိနှစ်ယောက်ဖန်တီးထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ခုဖြစ်ပြီး IMDb rating 6.4 ထိရထားပါတယ်။ခရစ္စမတ်ပွဲတော် နီးကပ်လာတဲ့အချိန်မှာ သက်ကြီးပိုင်းမိခင်ဖြစ်သူ ဂျွန် ရဲ့ ကျန်းမာရေးအခြေအနေဟာ ရုတ်တရက်ဆိုးရွားလာတဲ့အတွက်ကြောင့် ဝေးကွာနေကြတဲ့ Julia(Kate Winslet) တို့မောင်နှမလေးယောက် ပြန်လည်ဆုံတွေ့ကြရပါတယ်။အကြီးဆုံးသမီးဖြစ်သူ Julia ၊ စိတ်လှုပ်ရှားလွယ်ဒေါသဖြစ်လွယ်တဲ့ Molly ၊ အဝေးဆုံးတစ်နေရာမှာရောက်နေတဲ့ Helen နဲ့ မိဘတွေနဲ့အတူနေပြီး စောင့်ရှောက်နေသူ Conner တို့ဟာမိခင်ဖြစ်သူရဲ့ နောက်ဆုံးသော အချိန်များကို အတူဖြတ်သန်းရင်း အတိတ်ကနာကျည်းချက်တွေ မပြေလည်မှုတွေကို ခဝါချပြီး မိသားစုတွေကြားထဲက နက်ရှိုင်းတဲ့သံယောဇဉ်တွေကိုပြန်လည်ဖော်ထုတ်ကြရပါတယ်။သေခြင်းတရားနဲ့ရင်ဆိုင်လာရတဲ့ အချိန်မှာ မိသားစုဝင်တွေကြားကချစ်ခြင်းမေတ္တာကို ခရစ္စမတ်အငွေ့အသက်များနဲ့အတူ ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။