Bāhubali: The Epic HD

Bāhubali: The Epic

Action Drama HD 2025-10-29 7.286 224 Min

ဘာဟုဘာလီရုပ်ရှင်တွေရဲ့ ခမ်းနားတဲ့တင်ဆက်မှုကိုတမ်းတနေတဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအာသာပြေစေမဲ့ The Epicဗားရှင်းကို တင်ဆက်ပေးလိုက်ပါတယ်။မူရင်းတလေဂူးအသံမရသေးတာမို့ ဟင်ဒီအသံနဲ့ပဲကြည့်လို့ရဦးမှာပါ။အရင်ဆုံးပြောရရင် ဒီဘာဟုဘာလီရုပ်ရှင်က ဇာတ်လမ်းအသစ်မဟုတ်ဘဲ အရင်ထွက်ခဲ့တဲ့ရုပ်ရှင်နှစ်ကားကို ပိုကောင်းတဲ့ နည်းပညာတွေ၊ (Deleted Scenes)ဖြတ်ထုတ်ထားခဲ့တဲ့ ဇာတ်ဝင်ခန်းတွေ၊ပိုခမ်းနားတဲ့ Visual Effects(VFX)တွေ၊ ပိုကောင်းမွန်တဲ့နောက်ခံတေးဂီတ တေးသီချင်းတွေနဲ့အတူပေါင်းစပ်ပြီး ပိုပြည့်စုံအောင် ပြန်လည်တင်ဆက်ထားတဲ့ Remastered Special Editionသဘောမျိုးပါပဲ။ဒါရိုက်တာရာဂျာမူလီက ဘာဟုဘာလီရဲ့ဇာတ်လမ်းအသစ်ကိုရိုက်ကူးမယ်လို့ တရားဝင်ကြေညာတာ မတွေ့ရသေးပါဘူး။ရုပ်ရှင်ကတော့ အားလုံးသိကြတဲ့အတိုင်း မဟေ့ရှ်မာတီပြည်ကြီးက ထီးနန်းလုပွဲကြီးလို့ဆိုရမှာပဲ။သားတော်ဘာဟုဘာလီရဲ့ မိမိဇစ်မြစ်ကိုပြန်ရှာဖွေရင်း၂၅နှစ်တိုင်အကျဉ်းချခံထားရတဲ့မိခင်ဖြစ်သူကိုကယ်တင်ပြီးထီးနန်းကိုပြန်ယူပုံနဲ့ ဖခင်ဖြစ်သူဘာဟုဘာလီရဲ့အတိတ်ဇာတ်ကြောင်း ပြန်လည်တင်ဆက်ထားပုံတို့ကိုပေါင်းစည်းထားတာမို့သုံးနာရီကျော်ကြာ တ၀ကြီးခံစားကြည့်ရှုကြပါဦး။