ချန်နိုင်းမှာ အလုပ်သွားလုပ်နေတဲ့ မူရူဂန်၊အဘွားဖြစ်သူ အသည်းအသန်ဖြစ်နေလို့ရွာပြန်လာရာက အဘွားဖြစ်သူကမာဒန်ကိုဒိုင်ဆိုတဲ့ရွာစောင့်နတ်ကို ပူဇော်ပွဲမလုပ်ဖြစ်တာကြာလို့မိသားစုဆွေမျိုးတွေ ဒုက္ခရောက်နေကြတာမို့ ပွဲလုပ်ပေးဖို့မြေးဖြစ်သူကို နောက်ဆုံးဆန္ဒအနေနဲ့ပူဆာပါတယ်။ဖြစ်ချင်တော့ ရွာစောင့်နတ်ပူဇော်ဖို့ သူတို့ဘိုးဘွားပိုင်မြေကို မူရူဂန်ရဲ့အဖေဖြစ်သူကဆေးကုဖို့ ပေါင်ထားမိပါရော။အပေါင်ခံတဲ့လူကလည်း ခြောက်လအတွင်းမရွေးနိုင်တဲ့အတွက်မြေကိုပြန်မပေးနိုင်ကြောင်းဘူးခံနေရာက အတိတ်ကရန်ငြိုးတွေ၊ နှစ်ဘက်အသိုင်းအဝိုင်းကြားရန်ပွဲတွေဖြစ်ပေါ်ပြီးပွဲတော်ကျင်းပဖို့မူရူဂန်တစ်ယောက် အသည်းအသန်ရုန်းကန်ရပုံကိုရိုက်ကူးပုံဖော်ထားတဲ့တမီလ်ကျေးလက်ရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။