Magik Rompak HD

Magik Rompak

Action Crime Thriller HD 2025-09-11 6 134 Min

ဖာရစ်ခ်၊ ဟာဒီနဲ့ ဝါဝါတို့ဟာ မျက်လှည့်ပညာ၊ ကွန်ပျူတာနည်းပညာ၊ ကိရိယာအသစ်အဆန်းတွေကိုရောစပ်အသုံးချပြီး ဖောက်ထွင်းမှုတွေကျူးလွန်နေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ရရှိလာတဲ့အကျိုးအမြတ်တွေကိုတော့ သူတို့ကြီးပြင်းလာခဲ့တဲ့ မိဘမဲ့ဂေဟာကိုပေးလှူလေ့ရှိပြီး သူတို့လုပ်နေတဲ့ အလုပ်တွေကလည်း ကိုယ်ရေးကိုယ်တာအငြိုးတစ်ခုကြောင့်ပါပဲ။ တစ်နေ့မှာတော့ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ တစ်ချိန်ကမလေးရှားနိုင်ငံရဲ့နာမည်အကြီးဆုံးမျက်လှည့်ဆရာတစ်ဦးဖြစ်ခဲ့တဲ့ ဟာဒီဟာ သူတို့သုံးယောက်ကိုဆက်သွယ်လာခဲ့ပြီး ကျူးလွန်ခဲ့သမျှဖောက်ထွင်းမှုတွေထဲမှာအကြီးဆုံးနဲ့ အခက်ခဲဆုံးဖြစ်လာမယ့် ရှားပါးသမိုင်းဝင်ရတနာတစ်ခုကို အတူတူခိုးဖို့အတွက်ကမ်းလှမ်းလာခဲ့ပါတော့တယ်။Now You See Me နဲ့ဇာတ်လမ်းချင်းဆင်နေသလိုပဲလို့ ထင်ကြမှာပါ။ ဒါပေမယ့် Now You See Me  ကိုပြန်ရိုက်ထားတာတော့မဟုတ်ပါဘူး။ အနည်းဆုံးအင်စပိုင်းယားတာလောက်ပဲဖြစ်ပါလိမ့်မယ်။ နာမည်ကျော်သရုပ်ဆောင်တွေပါဝင်ပြီး ခမ်းခမ်းနားနားရိုက်ထားတာဖြစ်လို့ကြည့်ကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။