မိသားစုစုံစုံလင်လင်နဲ့နေရပေမဲ့ အချစ်ငတ်နေတဲ့ Monika တစ်ယောက်ဟာ Harry ဆိုတဲ့ကောင်လေးနဲ့ကော်ဖီဆိုင်မှာတွေ့ရကနေစတာပါပဲ ။ Harry ကတော့ Harryရဲ့ အမေက အသက်၈နှစ်ကတည်းကဆုံးပါးသွားတာဖြစ်ပြီး ၊ အဖေနဲ့နှစ်ယောက်တည်းနေရသူပါ ၊ သူကလည်းအလုပ်မှာအဆင်မပြေမှုတွေနဲ့ရင်ဆိုင်နေရသူတစ်ယောက်ဖြစ်ပါတယ်သူတို့နှစ်ယောက်တွေ့ဆုံပြီးတဲ့နောက်တစ်နေ့မှာ Monika ကအိမ်ကနေထွက်ပြေးလာပြီး Harry နဲ့လာတွေ့ပါတယ်။အဲလိုနဲ့ Harry နဲ့ Monika ကလူတွေနဲ့ဝေးရာမှာ သူတို့ရဲ့အချစ်ဇာတ်လမ်းလေးကိုစတင်ဖို့ နှစ်ယောက်ခိုးပြေးလိုက်ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ နွေရာသီလေးကတော့ဟန်းနီးမွန်းကာလလေးအဖြစ်နေကြရင်း အချိန်ကုန်ဆုံးခဲ့ကြပါတယ်။ နောက်ပိုင်းကျ သူတို့နှစ်ယောက်မှာ အလုပ်အကိုင်မရှိပဲ ကျေးလက်မှာလာနေတဲ့အတွက် စားစရာသောက်စရာကောင်းကောင်းမရှိတော့ပါဘူး ၊ အဲလိုပဲ မြို့ကို ပြန်လာပြီး အသက်ရှင်သန်ဖို့ရုန်းကန်ရတော့တယ် ၊ သူတို့နှစ်ယောက် သမီးလေးတစ်ယောက်မွေးပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးဟာ ပြသာနာလေးတွေစပေါ်ပေါက်လာခဲ့တယ်။ နောက်ဆုံးမှာရော သူတို့ရဲ့အိမ်ထောင်ရေးဘဝ အခက်အခဲတွေကို နားလည်မှုရှိရှိနဲ့ဖြေရှင်းပေးနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။